ဘင်္ဂဉာဏ်

by | Jun 9, 2022 | ဘ | 0 comments

ခန္ဓာငါးပါး သင်္ခါရတရား(ရုပ်နာမ်)တို့၏ ပျက်ခြင်းကိုသာ အဖန်ဖန်ရှုသောအားဖြင့် သိမြင်သော ဉာဏ်။

ဘဝင်္ဂစလန

ဘဝင်စိတ်သည် "ကံ, ကမ္မနိမိတ်, ဂတိနိမိတ်" ၃-ပါးတို့တွင် တစ်ပါးပါးကို အာရုံပြုနေစဉ် ထင်လာသော အာရုံသစ်ကြောင့် ယူနေဆဲအာရုံကို စွဲမြဲစွာလည်း မယူနိုင်၊ လွှတ်လည်း မလွှတ်နိုင်ဘဲ ပင်ကိုသဘောမှ ဖောက်ပြား၍ ၂-ကြိမ်တိုင် လှုပ်ချောက်ချားမှုကိုပင် "ဘဝင်္ဂစလန- ဘဝင်လှုပ်သည်"ဟု...

ဘဝေါဃ ၂

ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ခု၌ရှိသော လောဘစေတသိက်။

ဘင်ခဏ

စိတ်စသော ပရမတ္ထတရားတစ်ခုခု၏ တည်နေပြီးနောက် ပျက်စီးချုပ်ပျောက်ရာကာလ။

ဘဝရာဂသံယောဇဉ် ၁

ရူပဈာန် အရူပဈာန်နှင့် ထိုဈာန်၏ အကျိုးဝိပါက်၌ နှစ်သက်မှုတဏှာကို "ဘဝရာဂ"ဟု ခေါ်သည်၊ ထို နှစ်သက်မှုတဏှာသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် ဘဝရာဂသံယောဇဉ်...

ဘုမ္မစိုးနတ်

မြေကြီးနှင့် စပ်သော သစ်ပင် တော တောင်ကို စောင့်သော နတ်များ, ကိုယ်စောင့်နတ်များ, အိမ်စောင့်နတ်များ စသည်တို့ကို "ဘုမ္မစိုးနတ်"ဟု ခေါ်သည်၊ အတော်အတန်...