ဘဝင်္ဂုပစ္ဆေဒ

by | Jun 9, 2022 | ဘ | 0 comments

ဒုတိယဘဝင်္ဂစလနကို ဘဝင်အစဉ်ပြတ်သောကြောင့် “ဘဝင်္ဂုပစ္ဆေဒ”ဟု ခေါ်ကြသည်။ (ဘဝင်္ဂုပစ္ဆေဒပုဒ်သည် ဘဝင်္ဂ +ဥပစ္ဆေဒ-ဟူသော နှစ်ပုဒ်ကို ပေါင်းစပ်ထားသော ပုဒ် ဖြစ်သည်၊ဘာသာပြန်ရာ၌ နောက်ပုဒ်က စ၍ ပြန်ရသည်။ဥပစ္ဆေဒ – ပြတ်စဲသော+ဘဝင်္ဂ -ဘဝင်)။

ဘဝတဏှာ ၁

အတ္တနှင့် လောကသည် မြဲ၏-ဟူသော သဿတဒိဋ္ဌိနှင့် တကွဖြစ်သော တဏှာသည် "ဘဝတဏှာ" မည်၏။

ဘာဝနာ ၃ ပါး

၁။ ပရိကမ္မဘာဝနာ၊ ၂။ ဥပစာရဘာဝနာ၊ ၃။ အပ္ပနာဘာဝနာ။

ဘဝယောဂ ၂

ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ခု၌ရှိသော လောဘစေတသိက်။

ဘဝေါဃ ၂

ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ခု၌ရှိသော လောဘစေတသိက်။