ဥ နှင့်စသော စာလုံးများ

ဥဒ္ဓုမာတကအသုဘကမ္မဋ္ဌာန်း

ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် သူသေကောင်ကို "ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် သူသေကောင်၊ ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် သူသေကောင်’’ဟု အဖန်ဖန် ရှုမှတ် ပွားများသော ဘာဝနာသည် ဥဒ္ဓုမာတကအသုဘကမ္မဋ္ဌာန်း...

ဥပပတ္တိဘဝ ၂

ကံကြောင့်ဖြစ်သော လောကီဝိပါက်စိတ်, စေတသိက်, ကမ္မဇရုပ်များ။

ဥပါဒ်ခဏ

စိတ်-စသော ပရမတ္ထတရားတစ်ခုခု၏ ပထမဦးဆုံးစ၍ ဖြစ်ပေါ်လာရာကာလကို ဥပါဒ်ခဏဟု ခေါ်သည်။

ဥပကရဏဘူတကမ္မနိမိတ်

ကံပြီးမြောက်ဖို့ရာ အခြံအရံမျှသာဖြစ်သော အပဓာနအာရုံသည် "ဥပကရဏဘူတကမ္မနိမိတ်" မည်၏။

ဥပပီဠက ကံ

တစ်ပါးသော ကံကို အကျိုးပေးခွင့်မရအောင်, အကျိုးပေးခွင့် ရပြန်လျှင်လည်း အကျိုးပေး မထက်သန်အောင် သိမ်ဖျင်းအောင်, ပေးပြီးသော အကျိုးကိုလည်း မဖွံ့ဖြိုး မတိုးပွားအောင် ကပ်၍ နှိပ်စက်တတ်သော ကံသည် "ဥပပီဠက ကံ"...

ဥပါယာသ ၁

သောကပရိဒေဝတို့ထက် လွန်ကဲလျက် အသံမျှ မထွက်နိုင်အောင် ရှိုက်ကြီးတငင်ဖြစ်ကာ အတွင်းဆွေးဆွေးခြင်းသည် "ဥပါယာသ"...