သောကပရိဒေဝတို့ထက် လွန်ကဲလျက် အသံမျှ မထွက်နိုင်အောင် ရှိုက်ကြီးတငင်ဖြစ်ကာ အတွင်းဆွေးဆွေးခြင်းသည် “ဥပါယာသ” မည်၏။
ဥပါဒါန်၁
ဖားကို မြွေခဲသကဲ့သို့ အာရုံကို လွတ်မသွားအောင် စွဲမြဲခိုင်မာစွာ ယူတတ်သော၊ အာရုံပြုတတ်သော တရား၊ အာရုံကို စုံစုံမက်မက် နှစ်သက်စွဲလမ်းမှု၊ ၎င်းကို ဥပါဒါန်-ဟု ခေါ်သည်။ ကာမုပါဒါန်, ဒိဋ္ဌုပါဒါန်, သီလဗ္ဗတုပါဒါန်, အတ္တဝါဒုပါဒါန်တို့ပင်...
