ဥဒ္ဓုမာတကအသုဘကမ္မဋ္ဌာန်း

by | Jun 9, 2022 | ဥ | 0 comments

ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် သူသေကောင်ကို “ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် သူသေကောင်၊ ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် သူသေကောင်’’ဟု အဖန်ဖန် ရှုမှတ် ပွားများသော ဘာဝနာသည် ဥဒ္ဓုမာတကအသုဘကမ္မဋ္ဌာန်း မည်၏။

ဥပကရဏဘူတကမ္မနိမိတ်

ကံပြီးမြောက်ဖို့ရာ အခြံအရံမျှသာဖြစ်သော အပဓာနအာရုံသည် "ဥပကရဏဘူတကမ္မနိမိတ်" မည်၏။

ဥပပတ္တိဘဝ ၁

ဘဝပစ္စယာ ဇာတိဟူရာ၌ ဇာတိ၏အကြောင်းဖြစ်သော ဘဝသည် ဥပပတ္တိဘဝ ဖြစ်သည်။ အကြောင်းကံကြောင့် ဖြစ်ရသော လောကီဝိပါက်စိတ်, စေတသိက်, ကမ္မဇရုပ်များကို ဥပပတ္တိဘဝ-ဟု ခေါ်သည်၊ ယခုဘဝ ကုသိုလ်အကုသိုလ်ကံကြောင့် နောက်ဘဝ၌ ဖြစ်ရသော အကျိုးဝိပါက်များပင်...

ဥပပတ္တိဘဝ ၂

ကံကြောင့်ဖြစ်သော လောကီဝိပါက်စိတ်, စေတသိက်, ကမ္မဇရုပ်များ။

ဥပပဇ္ဇဝေဒနီယ ကံ

နောက်ဒုတိယဘဝရောက်မှ အကျိုးပေးမည်ဖြစ်သော ကံသည် "ဥပပဇ္ဇဝေဒနီယ ကံ" မည်၏။ထိုကံသည် သတ္တမဇောစေတနာ...