စိတ်, စေတသိက်တို့၏ မှီရာ မဟုတ်သော ရုပ်များ။

အ နှင့်စသော စာလုံးများ
အဝိဇ္ဇာသဝ ၁
သိတတ်သော ဉာဏ်၏ ဆန့်ကျင်ဘက်ဖြစ်သော မောဟသည် စိမ်ရည်အရက်နှင့် တူသောကြောင့် "အဝိဇ္ဇာသဝ"မည်၏။
အသောဘနစိတ်
မတင့်တယ်သော စိတ်။
အာကာသာနဉ္စာယတနဘုံ
အာကာသာနဉ္စာယတနဝိပါက်စိတ်စေတသိက်ဖြင့် ပဋိသန္ဓေတည်နေလျက် အဆက်ဆက် ဖြစ်ပွားနေသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ...
အာရမဏိကကမ္မဋ္ဌာန်း
"ဗုဒ္ဓါနုဿတိ" စသည်၌ သတိစေတသိက်သည် "အာရမဏိကကမ္မဋ္ဌာန်း" ဖြစ်သည်။
အာသဝ
စိမ်ရည် အရက်နှင့်တူသော တရား။ (အာသဝသဒ္ဒါ၏ ဟောရင်းအနက်မှာ စိမ်ရည်အရက်ပင် ဖြစ်သည်၊ ဤအရာ၌ ယင်း စိမ်ရည် အရက်နှင့်တူသောကြောင့် လောဘ, ဒိဋ္ဌိ, မောဟ-တို့ကို "အာသဝ"ဟု...
အကနိဋ္ဌာဘုံ
အကနိဋ္ဌာဗြဟ္မာများ ဖြစ်ရာ ဘုံ။
အကုသိုလ်ဝစီကံ ၄ ပါး
၁။ မုသာဝါဒ၊ ၂။ ပိသုဏဝါစာ၊ ၃။ ဖရုသဝါစာ၊ ၄။ သမ္ဖပ္ပလာပ။(၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...
အဋ္ဌိကအသုဘ
အရိုးသာ ကျန်သော သူသေကောင်။
အဓိဋ္ဌာနဝသီဘော်
ပိုင်းခြားထားသော ကာလပတ်လုံး ဈာန်ကို မိမိသန္တာန်၌ တည်စေခြင်းငှာ စွမ်းနိုင်ခြင်း။ ရည်မှန်းထားသော အချိန်ကာလမတိုင်မီ ဘဝင်မကျအောင် တားဆီးထားနိုင်သော ဝသီဘော်...