အာကာသာနဉ္စာယတနဘုံ

by | Jun 9, 2022 | အ | 0 comments

အာကာသာနဉ္စာယတနဝိပါက်စိတ်စေတသိက်ဖြင့် ပဋိသန္ဓေတည်နေလျက် အဆက်ဆက် ဖြစ်ပွားနေသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ ကောင်းကင်အပြင်။

အနိမိတ္တနိဗ္ဗာန်

အထည်ကိုယ် ပုံပန်းသဏ္ဌာန်မရှိပုံ အခြင်းအရာကို စွဲမှတ်၍ "အနိမိတ္တနိဗ္ဗာန်" ဟု ခေါ်သည်။

အာဇီဝပါရိသုဒ္ဓိသီလ

"ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး" ပစ္စည်း ၄-ပါးတို့ကို မအပ်မစပ် မတရားသောနည်းဖြင့် မရှာဖွေဘဲ အပ်စပ်သောနည်း၊ တရားသော နည်းဖြင့်သာလျှင် ရှာဖွေသုံးဆောင်မှုသည် "အာဇီဝပါရိသုဒ္ဓိသီလ" မည်၏၊ မှားယွင်းသော အသက်မွေးမှု မတရားအသက်မွေးမှုမှ ရှောင်ကြဉ်သဖြင့် အသက်မွေးဝမ်းကျောင်းမှု...

အဋ္ဌိက အသုဘ ကမ္မဋ္ဌာန်း

အရိုးသာ ကျန်သော သူသေကောင်ကို "အရိုးသာ ကျန်သော သူသေကောင်၊အရိုးသာ ကျန်သော သူသေကောင်"ဟု အဖန်ဖန် ရှုမှတ် ပွားများသော ဘာဝနာသည် အဋ္ဌိက အသုဘ ကမ္မဋ္ဌာန်း...

အသောဘနစိတ် ၃၀

အကုသိုလ်စိတ် ၁၂ ပါး၊အဟိတ်စိတ် ၁၈ ပါး၊ပေါင်း ၃၀။(အကုသိုလ်စိတ် ၁၂ ပါး-စသည်ကို ဆိင်ရာ ခေါင်းစဉ်၌...

အဒေါသ

မခက်ထန် မကြမ်းတမ်းခြင်းသဘော။