အာသဝ

by | Jun 9, 2022 | အ | 0 comments

စိမ်ရည် အရက်နှင့်တူသော တရား။ (အာသဝသဒ္ဒါ၏ ဟောရင်းအနက်မှာ စိမ်ရည်အရက်ပင် ဖြစ်သည်၊ ဤအရာ၌ ယင်း စိမ်ရည် အရက်နှင့်တူသောကြောင့် လောဘ, ဒိဋ္ဌိ, မောဟ-တို့ကို “အာသဝ”ဟု ဆိုထားသည်။)

အရိယာ

ကိလေသာရန်သူကို သတ်တတ်သူ။

အပ္ပမညာ

အတိုင်းအဆမရှိ များပြားသော သတ္တဝါတွေကို အာရုံပြု၍ ဖြစ်သော သဘောတရား။

အရဟတ္တဖလဋ္ဌာန်ပုဂ္ဂိုလ်

အရဟတ္တမဂ္ဂါနန္တရဖိုလ်မှ စ၍ ပစ္ဆိမ (နောက်ဆုံး) စိတ်တိုင်အောင် ဖြစ်ထိုက်သမျှသော ရုပ်, နာမ်ဓမ္မတို့၏ ခဏတ္တယသမင်္ဂီပုဂ္ဂိုလ်ကို "အရဟတ္တဖလဋ္ဌာန်ပုဂ္ဂိုလ်"ဟု...

အာဒီနဝဉာဏ်

ကြောက်မက်ဖွယ်ဘေးဟု ထင်မြင်ထားသော ခန္ဓာငါးပါး သင်္ခါရတရား(ရုပ်နာမ်)တို့ကို အပြစ်မြင်သော ဉာဏ်။