အာရုံ၏ အရသာကို ခံစားခြင်းသဘော။

ဝ နှင့်စသော စာလုံးများ
ဝဋ်မြစ်
ဝဋ်တရား၏ အရင်းခံအကြောင်းတရားကို ဝဋ်မြစ်-ဟု ခေါ်သည်၊ မူလ-ဟုလည်း ခေါ်သည်။
ဝိက္ခိတ္တကအသုဘကမ္မဋ္ဌာန်း
ထိုထိုအရပ်သို့ ခေါင်းတခြား ကိုယ်တခြား လက်ခြေတခြားစီ ဖရိုဖရဲ စွန့်ပစ်ထားအပ်သော သူသေကောင်ကို "ဖရိုဖရဲ စွန့်ပစ်ထားအပ်သော သူသေကောင်၊ ဖရိုဖရဲ စွန့်ပစ်ထားအပ်သော သူသေကောင်"ဟု အဖန်ဖန် ရှုမှတ် ပွားများသော ဘာဝနာသည် ဝိက္ခိတ္တကအသုဘကမ္မဋ္ဌာန်း...
ဝိညတ်ရုပ်
မိမိ၏အလိုကို သူတစ်ပါးအား သိစေနိုင်သော အမူအရာအထူးကို "ဝိညတ်"ဟု ခေါ်သည်။
ဝိနိဗ္ဘောဂရုပ် ၂၀-ပါး
ရူပါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ အာဟာရရုပ်၊ မဟာဘုတ် ၄-ပါးမှ တစ်ပါး ကျန်သော ရုပ် ၂၀။
ဝိပဿနာဘာဝနာ ၂
မဂ်မဖြစ်မီ ရှေးဖြစ်သော စိတ္တုပ္ပါဒ်တို့၌ ယှဉ်သော ပညာစေတသိက် ဖြစ်သည်။
ဝိမောက္ခမုခ
ဝိမောက္ခအမည်ရသော မဂ်, ဖိုလ်ကို ဝင်ရောက်ဖို့ရာ တံခါးဂိတ်ဝအလား အဝင်ဝဖြစ်သော ဝိပဿနာတရားသည် "ဝိမောက္ခမုခ" မည်၏၊ ဤ၌ "မုခ"သဒ္ဒါသည် "အဝင်ဝ"ဟူသော အနက်ကို...
ဝီမံသိဒ္ဓိပါဒ် ၂
ကုသိုလ်စိတ်၌ ယှဉ်ခိုက် ပညာ။
ဝေဒနာ ၁
မျက်စိ-စသည့် ခြောက်ပါးတို့၏ အတွေ့ကြောင့် ဖြစ်သော အာရုံကို ခံစားခြင်းသဘော၊ အာရုံကို ခံစားမှု။ ကျမ်းစာတို့၌ စက္ခုသမ္ဖဿဇာဝေဒနာ၊ သောတသမ္ဖဿဇာဝေဒနာ စသည်ဖြင့်...
ဝဋ်မြစ် ၂ ပါး
၁။ အဝိဇ္ဇာ၊ ၂။ တဏှာ။အဝိဇ္ဇာသည် ရှေးဘဝသံသရာစက်၏ အရင်းခံအကြောင်းရင်း ဖြစ်သည်။တဏှာသည် နောက်ဘဝ၏ အရင်းခံ အကြောင်းရင်း...