ဘ နှင့်စသော စာလုံးများ

ဘဝေါဃ ၂

ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ခု၌ရှိသော လောဘစေတသိက်။

ဘဝင်ကိစ္စ

ဘဝမပြတ်အောင် ဆောင်ရွက်ခြင်းအလုပ်သည်၊ တစ်နည်း ယခုဘဝ၌ ဖြစ်နေသော ခန္ဓာအစဉ်ကို သက်ဆုံးတိုင် မပြတ်မလပ်ရအောင် ဖြစ်စေခြင်း၏အကြောင်းသည် ဘဝင်ကိစ္စ...

ဘာဝနာ

သမထမည်သော သမာဓိတရား၊ ဝိပဿနာမည်သော ပညာတရားသည် ပွားများထိုက်သောကြောင့် ဘာဝနာ မည်၏။ မှန်၏၊ ဘာဝနာသည် လွန်စွာ အကျိုးများလှ၍ မိမိသန္တာန်၌ ဖြစ်ပေါ်လာအောင် တစ်ကြိမ်ဖြစ်ပြီးနောက် အထပ်ထပ်တိုးပွားအောင်...

ဘာဝနာ ၂ ပါး

၁။ သမထဘာဝနာ၊ ၂။ ဝိပဿနာဘာဝနာ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

ဘဝင်္ဂစလန

ဘဝင်စိတ်သည် "ကံ, ကမ္မနိမိတ်, ဂတိနိမိတ်" ၃-ပါးတို့တွင် တစ်ပါးပါးကို အာရုံပြုနေစဉ် ထင်လာသော အာရုံသစ်ကြောင့် ယူနေဆဲအာရုံကို စွဲမြဲစွာလည်း မယူနိုင်၊ လွှတ်လည်း မလွှတ်နိုင်ဘဲ ပင်ကိုသဘောမှ ဖောက်ပြား၍ ၂-ကြိမ်တိုင် လှုပ်ချောက်ချားမှုကိုပင် "ဘဝင်္ဂစလန- ဘဝင်လှုပ်သည်"ဟု...

ဘာဝနာ ၃ ပါး

၁။ ပရိကမ္မဘာဝနာ၊ ၂။ ဥပစာရဘာဝနာ၊ ၃။ အပ္ပနာဘာဝနာ။

ဘဝင်္ဂုပစ္ဆေဒ

ဒုတိယဘဝင်္ဂစလနကို ဘဝင်အစဉ်ပြတ်သောကြောင့် "ဘဝင်္ဂုပစ္ဆေဒ"ဟု ခေါ်ကြသည်။ (ဘဝင်္ဂုပစ္ဆေဒပုဒ်သည် ဘဝင်္ဂ +ဥပစ္ဆေဒ-ဟူသော နှစ်ပုဒ်ကို ပေါင်းစပ်ထားသော ပုဒ် ဖြစ်သည်၊ဘာသာပြန်ရာ၌ နောက်ပုဒ်က စ၍ ပြန်ရသည်။ဥပစ္ဆေဒ - ပြတ်စဲသော+ဘဝင်္ဂ...

ဘာဝရုပ်

ယောကျ်ား၊ မိန်းမ ဖြစ်ဖို့ရန် အကြောင်းခံ ရုပ်တစ်မျိုးကို "ဘာဝရုပ်"ဟု ခေါ်သည်၊ ဣတ္ထိဘာဝရုပ်သည် အမသတ္တဝါတို့၏ တစ်ကိုယ်လုံး၌ ပျံ့နှံ့၍ တည်၏၊ ပုရိသဘာဝရုပ်သည် အထီးသတ္တဝါတို့၏ တစ်ကိုယ်လုံး၌ ပျံ့နှံ့၍တည်၏၊ အထီးအမတို့၏ အင်္ဂါဇာတ်ကား ဘာဝရုပ်...