လျှာအကြည်ဓာတ်သည် "ဇိဝှါဒွါရ"မည်၏။
ဇ နှင့်စသော စာလုံးများ
ဇီဝိတနဝကကလာပ်
ဇီဝိတရုပ်နှင့် အဝိနိဗ္ဘောဂရုပ် ၈ ပါးကို ပေါင်းစည်း၍ ဇီဝိတနဝကကလာပ်ဟု ခေါ်သည်။
ဇိဝှါဒွါရဝီထိ
ဇိဝှါဒွါရ၌ ဖြစ်သော စိတ်အစဉ်အတန်း၊ စိတ်အဆက်ဆက်။
ဇီဝိတရုပ်
တကွဖြစ်ဘက် ကမ္မဇရုပ်တရားများ တည်တံ့ကြောင်းဖြစ်သောကြောင့် ဇီဝိတဟု ခေါ်သည်။ အတူတကွဖြစ်ဘက် ကမ္မဇရုပ်ကို စောင့်ရှောက်ခြင်း၌ လွှမ်းမိုးဖြစ်တတ်သောကြောင့် ဣန္ဒြေလည်း မည်၏။ နှစ်ခုပေါင်းစပ်၍ ဇီဝိတိန္ဒြေ-ဟု ခေါ်သည်။ ထိုရုပ်ဖြစ်သော ဇီဝိတိန္ဒြေ (ရုပ်ဇီဝိတိန္ဒြေ) သည် "ဇီဝိတရုပ်"...
ဇိဝှါဒွါရိကစိတ် ၄၆ ပါး
အကုသိုလ်စိတ် ၁၂ ပါး၊ ဇိဝှါဝိညာဏ်စိတ် ၂ ပါး၊ သမ္ပဋိစ္ဆိုန်းစိတ် ၂ ပါး၊ သန္တီရဏစိတ် ၃ ပါး၊ အဟိတ်ကြိယာစိတ် ၃ ပါး၊ ကာမာဝစရသောဘနစိတ် ၂၄ ပါး၊ ပေါင်း ၄၆ ပါး။(အကုသိုလ်စိတ် ၁၂ ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...
ဇီဝိတိန္ဒြေ
ယှဉ်တွဲဖြစ်ဖက် တရားတို့ကို အသက်ရှည်အောင် စောင့်ရှောက်ခြင်းသဘော၊ ယှဉ်တွဲဖြစ်ဖက် တရားတို့ကို...
ဇိဝှါဓာတ် ၁
မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော လျှာ။
ဇီဝိတိန္ဒြေ ၁
အတူတကွ ဖြစ်ဖက် ရုပ်နာမ်တရားတို့ကို အစိုးတရ စောင့်ရှောက်တတ်သော သဘောတရား။
ဇိဝှါဓာတ် ၂
ဇိဝှါပသာဒရုပ်
ဇီဝိတိန္ဒြေ ၂
ဇီဝိတရုပ်နှင့် ဇီဝိတိန္ဒြေစေတသိက်။