ဇီဝိတရုပ်

by | Jun 9, 2022 | | 0 comments

တကွဖြစ်ဘက် ကမ္မဇရုပ်တရားများ တည်တံ့ကြောင်းဖြစ်သောကြောင့် ဇီဝိတဟု ခေါ်သည်။ အတူတကွဖြစ်ဘက် ကမ္မဇရုပ်ကို စောင့်ရှောက်ခြင်း၌ လွှမ်းမိုးဖြစ်တတ်သောကြောင့် ဣန္ဒြေလည်း မည်၏။ နှစ်ခုပေါင်းစပ်၍ ဇီဝိတိန္ဒြေ-ဟု ခေါ်သည်။ ထိုရုပ်ဖြစ်သော ဇီဝိတိန္ဒြေ (ရုပ်ဇီဝိတိန္ဒြေ) သည် “ဇီဝိတရုပ်” မည်၏။

ဇဝနဝါရ

ဇောအဆုံးရှိသော ဝီထိစိတ်တို့၏ အလှည့်အကြိမ်ကို ပြသော မဟန္တာရုံဝီထိကို "ဇဝနဝါရ"ဟု ခေါ်သည်။

ဇိဝှါဝိညာဏဝီထိ

ဇိဝှါဝိညာဏ်နှင့် စပ်သော စိတ်အစဉ်အတန်း၊ စိတ်အဆက်ဆက်။ဇိဝှါဝိညာဏ်နှင့် ဆက်စပ်သော စိတ်အစဉ်အတန်းဟူသည် ဇိဝှါဒွါရဝီထိစိတ်တို့ပင်...

ဇိဝှါဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော လျှာ။

ဇီဝိတိန္ဒြေ

ယှဉ်တွဲဖြစ်ဖက် တရားတို့ကို အသက်ရှည်အောင် စောင့်ရှောက်ခြင်းသဘော၊ ယှဉ်တွဲဖြစ်ဖက် တရားတို့ကို...