ဇိဝှါဒွါရိကစိတ် ၄၆ ပါး

by | Jun 9, 2022 | ဇ | 0 comments

အကုသိုလ်စိတ် ၁၂ ပါး၊ ဇိဝှါဝိညာဏ်စိတ် ၂ ပါး၊ သမ္ပဋိစ္ဆိုန်းစိတ် ၂ ပါး၊ သန္တီရဏစိတ် ၃ ပါး၊ အဟိတ်ကြိယာစိတ် ၃ ပါး၊ ကာမာဝစရသောဘနစိတ် ၂၄ ပါး၊ ပေါင်း ၄၆ ပါး။(အကုသိုလ်စိတ် ၁၂ ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှု။)

ဇိဝှါယတန ၁

စိတ်, စေတသိက်တို့ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော လျှာ။

ဇိဝှါဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော လျှာ။

ဇရာမရဏ ၁

အိုခြင်းသည် "ဇရာ" မည်၏၊ သေခြင်းသည် "မရဏ" မည်၏။

ဇိဝှါပသာဒ

လျှာအကြည်ဓာတ်ကို "ဇိဝှါပသာဒ"ဟု ခေါ်သည်၊ ထိုဇိဝှါပသာဒသည် လျှာ၏အလယ် ကြာပွင့်ဖတ်များနှင့် တူသော အရပ်ကို...

ဇရာမရဏ ၂

လောကီဝိပါက်စိတ်, စေတသိက်, ကမ္မဇရုပ်တို့၏ ရင့်ခြင်း ဌီခဏနှင့် ပျက်ခြင်းဘင်ခဏ။