သုဒဿီ

သူတစ်ပါးတို့ကို ပကတိစက္ခု ပညာစက္ခုတို့ဖြင့် ကောင်းမွန်စွာ ရှုမြင်တတ်သော ဗြဟ္မာများ။

သုဒဿာ

အလွန်လှပတင့်တယ်ကြသဖြင့် ကြည့်ရှုချင်စဖွယ်ကောင်းသော ဗြဟ္မာများ

သုညတာနုပဿနာ

“အနတ္တ”ဟု ရှုသော ဝိပဿနာသည် “အတ္တရှိသည်”ဟု ထင်မှတ် စွဲလမ်းမှုကို ပယ်စွန့်နိုင်သောကြောင့် “သုညတာနုပဿနာ”ဟူသော အမည်ကို ရလျက် ဝိမောက္ခသို့ ဝင်ရာ လမ်းပေါက် တစ်မျိုး ဖြစ်သည်၊ (သုညတ= အတ္တမှ ကင်းဆိတ်၏ဟု + အနုပဿနာ= ရှုတတ်သော...

သုညတဝိမောက္ခ

ခန္ဓာငါးပါး သင်္ခါတရားတို့၌ အတ္တဇီဝမှ ဆိတ်(သုဉ်း)သည် ဖြစ်၍ သံယောဇဉ်-စသည်တို့မှ လွတ်သော မဂ်သည် သုညတဝိမောက္ခ မည်၏။ (သုညတ= အတ္တမှ ဆိတ်သုဉ်းသည်၊ ဝိမောက္ခ= သံယောဇဉ်-စသည်တို့မှ...