သုညတဝိမောက္ခ

by | Jun 9, 2022 | | 0 comments

ခန္ဓာငါးပါး သင်္ခါတရားတို့၌ အတ္တဇီဝမှ ဆိတ်(သုဉ်း)သည် ဖြစ်၍ သံယောဇဉ်-စသည်တို့မှ လွတ်သော မဂ်သည် သုညတဝိမောက္ခ မည်၏။ (သုညတ= အတ္တမှ ဆိတ်သုဉ်းသည်၊ ဝိမောက္ခ= သံယောဇဉ်-စသည်တို့မှ လွတ်သည်)

သဟိတ်စိတ်

ပါဠိ-သဟေတုက။ဟေတု- ယှဉ်ဖက်ဟိတ်၊သ- ရှိသော စိတ်။က ကား သီးခြား အဓိပ္ပါယ် မရှိ။

သဘာဝရုပ် ၁၈ ပါး

ဘူတရုပ် ၄-ပါး၊ ပသာဒရုပ် ၅-ပါး၊ ဂေါစရရုပ် ၄-ပါး၊ (ရုပ်သီးခြား မဟုတ်၊ ဘူတရုပ်တွင် ပါဝင်ပြီးဖြစ်သောကြောင့် ဖောဋ္ဌဗ္ဗာရုံကို သီးခြား ထပ်၍ မရေတွက်ပါ၊) ဘာဝရုပ် ၂-ပါး၊ ဟဒယရုပ် ၁-ပါး၊ ဇီဝိတရုပ် ၁-ပါး၊ အာဟာရရုပ် ၁-ပါး၊ ပေါင်း ၁၈-ပါး။ (ဘူတရုပ် ၄-ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...

သုခုမရုပ် ၁၆ ပါး

မဟာဘုတ် ၄၊ ဘာဝရုပ်၊ အာဟာရရုပ်၊ ဇီဝိတရုပ်၊ ဝတ္ထုရုပ်၊ ဝိညတ်ရုပ် ၂၊ ပရိစ္ဆေဒရုပ်၊ လက္ခဏရုပ် ၄၊ ပေါင်း ၁၆ ပါး။ (မဟာဘုတ် ၄ ပါး-စသော အရေအတွက်များကို ဆိုင်ရာ ခေါင်းစဉ်၌...

သံယောဇဉ်

မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ကြိုးဖြင့် ချည်နှောင်သကဲ့သို့ ချည်နှောင်တတ်သော တရားကို "သံယောဇဉ်"ဟု...