သုဒဿီ

by | Jun 9, 2022 | သ | 0 comments

သူတစ်ပါးတို့ကို ပကတိစက္ခု ပညာစက္ခုတို့ဖြင့် ကောင်းမွန်စွာ ရှုမြင်တတ်သော ဗြဟ္မာများ။

သံသေဒဇသတ္တဝါ

သံသေဒဇသတ္တဝါ-ဟူသည် ငြိကပ်တွယ်တာရာအရပ်၌ ဖြစ်သော သတ္တဝါ၊ ပဒုမ္မာကြာ ပန်း၌ ပဋိသန္ဓေတည်နေသော ပဒုမဝတီမိဖုရား၊ ဝါးပင်၌ ပဋိသန္ဓေတည်နေသော ဝေဠုဝတီမိဖုရား၊ ရေပုပ်, ငါးပုပ် စသည်၌ ပဋိသန္ဓေ တည်နေသော ပိုးလောက်-စသော သတ္တဝါမျိုး...

သဠာယတန ၂

ပသာဒရုပ်များဖြစ်သော စက္ခာယတနစသော ငါးပါး၊ လောကီဝိပါက် ၃၂ပါးဟူသော မနာယတနအားဖြင့် အာယတန ၆ ပါး။

သုညတာနုပဿနာ

"အနတ္တ"ဟု ရှုသော ဝိပဿနာသည် "အတ္တရှိသည်"ဟု ထင်မှတ် စွဲလမ်းမှုကို ပယ်စွန့်နိုင်သောကြောင့် "သုညတာနုပဿနာ"ဟူသော အမည်ကို ရလျက် ဝိမောက္ခသို့ ဝင်ရာ လမ်းပေါက် တစ်မျိုး ဖြစ်သည်၊ (သုညတ= အတ္တမှ ကင်းဆိတ်၏ဟု + အနုပဿနာ= ရှုတတ်သော...