အသုရကာယ်

မမြူးထူးတတ်သော မရဲရင့်သော ပြိတ္တာတစ်မျိုးကို အသုရာဟု ခေါ်သည်။ သိကြားမင်း၏ ရန်ဘက်အသုရာကို ဆိုလိုသည် မဟုတ်။ အသုရ=ပြိတ္တာအသုရာတို့၏+ကာယ= အပေါင်းအစည်းအဖွဲ့။ အသုရာအပေါင်း။ “အသုရာဟူသည် ပြိတ္တာအကြီးစားပင်ဖြစ်၏။ သမုဒ္ဒရာ ဂင်္ဂါမြစ်ကမ်းစသည်တို့၌ နေတတ်ကြ၏။ ရေနားနေသော်လည်း...

အသုဘ ၁၀ ပါး

၁။ ဥဒ္ဓုမာတကအသုဘ၊ ၂။ ဝိနီလကအသုဘ၊ ၃။ ဝိပုဗ္ဗကအသုဘ၊ ၄။ ဝိစ္ဆိဒ္ဒကအသုဘ၊ ၅။ ဝိက္ခာယိတကအသုဘ၊ ၆။ ဝိက္ခိတ္တကအသုဘ၊ ၇။ ဟတဝိက္ခိတ္တကအသုဘ၊ ၈။ လောဟိတကအသုဘ၊ ၉။ ပုဠုဝကအသုဘ၊ ၁၀။ အဋ္ဌိကအသုဘ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

အသုဘ

“အသုဘ”သဒ္ဒါသည် “မတင့်မတယ်”ဟူသော အနက်ကို ဟောသည်၊ ဤနေရာ၌ကား သေပြီးသည့်နောက် ကိုယ်ခန္ဓာနှင့် စပ်၍ အမျိုးမျိုး ပေါ်ပေါက်လာတတ်သော မတင့်တယ်သော ပုံပန်းသဏ္ဌာန်အမျိုးမျိုးကို “အသုဘ”ဟု...

အသညသတ်

သညာ(စသော စိတ် စေတသိက်) မရှိသော်လည်း သတ္တဝါဖြစ်နေသော ဗြဟ္မာ၊ (အသည= စိတ်၊ စေတသိက်စသော သညာဟူသော နာမ်မရှိ+သတ္တ= သတ္တဝါလည်း...