အသုရကာယ်

by | Jun 9, 2022 | အ | 0 comments

မမြူးထူးတတ်သော မရဲရင့်သော ပြိတ္တာတစ်မျိုးကို အသုရာဟု ခေါ်သည်။ သိကြားမင်း၏ ရန်ဘက်အသုရာကို ဆိုလိုသည် မဟုတ်။ အသုရ=ပြိတ္တာအသုရာတို့၏+ကာယ= အပေါင်းအစည်းအဖွဲ့။ အသုရာအပေါင်း။ “အသုရာဟူသည် ပြိတ္တာအကြီးစားပင်ဖြစ်၏။ သမုဒ္ဒရာ ဂင်္ဂါမြစ်ကမ်းစသည်တို့၌ နေတတ်ကြ၏။ ရေနားနေသော်လည်း ရေမသောက်ရ၊ ရေထဲဆင်းသွားလျှင် ရေတွေပျောက်၍ သဲပူတွေသာ တွေ့ရ၏။ စားဖွယ်ရာမှာ သာ၍ပင် ဝေးသေး၏”ဟု တောင်မြို့ဆရာတော် မိန့်တော်မူသည်။

အဝိဇ္ဇာ ၁

သိသင့်သိထိုက်သော အရာဌာနကို မသိတတ်သော, မသိအောင် ဖုံးလွှမ်းပိတ်ကာ ထားတတ်သော တရားသည် "အဝိဇ္ဇာ" မည်၏၊ ထို အဝိဇ္ဇာမည်သော မောဟသည် သစ္စာ ၄-ပါးကိုလည်း မသိအောင် ဖုံးလွှမ်းတတ်သည်၊ အတိတ်က ဖြစ်ခဲ့သော ခန္ဓာ, အာယတန, ဓာတ်အဖို့အစု၊ အနာဂတ်၌ဖြစ်မည့် ခန္ဓာ, အာယတန, ဓာတ်အဖို့ အစု၊ အတိတ်က...

အာကာသကသိုဏ်း ကမ္မဋ္ဌာန်း

ဟင်းလင်းပြင် အဝိုင်းငယ်ကို (ဟင်းလင်းပြင်၊ဟင်းလင်းပြင်)ဟု ရှုမှတ် ပွါးများသော ဘာဝနာသည် အာကာသကသိုဏ်း ကမ္မဋ္ဌာန်း...

အာဒီနဝဉာဏ်

ကြောက်မက်ဖွယ်ဘေးဟု ထင်မြင်ထားသော ခန္ဓာငါးပါး သင်္ခါရတရား(ရုပ်နာမ်)တို့ကို အပြစ်မြင်သော ဉာဏ်။

အနုပါဒိန္နရုပ်

တိဇရုပ်("စိတ် , ဥတု, အာဟာရ"ဟူသော အကြောင်း ၃-ပါးကြောင့် ဖြစ်သော ရုပ်)ဖြစ်သည်။