အဒွါရရုပ်

by | Jun 9, 2022 | အ | 0 comments

တံခါးနှင့် မတူသော ရုပ်များ။ (ဝီထိစိတ်၏ဖြစ်ကြောင်း ကာယကံ, ဝစီကံ၏ အထမြောက်ကြောင်း မဟုတ်သောကြောင့် ကျန် ၂၁ ပါးသော ရုပ်တို့သည် “အဒွါရရုပ်” မည်ကြသည်။)

အဝတ္ထုရုပ်

စိတ်, စေတသိက်တို့၏ မှီရာ မဟုတ်သော ရုပ်များ။

အရိယာ ၈-ယောက်

မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် ၄ ယောက်၊ဖလဋ္ဌာန်ပုဂ္ဂိုလ် ၄ ယောက်၊ပေါင်း ဂ ယောက်။

အရဟတ္တမဂ်

အရဟတ္တမဂ်-ဟူသော ဝေါဟာရသည် အရဟတ္တ+မဂ္ဂ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်။ အရဟတ္တ-ရဟန္တာ ဖြစ်ကြောင်းဖြစ်သော၊ မဂ္ဂ-မဂ်-ဟု အဓိပ္ပါယ်ရသည်။ ဤမဂ်ကို ရပြီးသူသည် ရဟန္တာ ဖြစ်တော့၏။ သို့ဖြစ်၍ ဤမဂ်သည် ရဟန္တာ ဖြစ်ကြောင်း ဖြစ်၏၊ ထို့ကြောင့် ဤမဂ်ကို အရဟတ္တမဂ်-ဟု...

အနုပဿနာ ၃ ပါး

၁။ အနိစ္စာနုပဿနာ၊ ၂။ ဒုက္ခာနုပဿနာ၊ ၃။ အနတ္တာနုပဿနာ။