အသုဘ

by | Jun 9, 2022 | အ | 0 comments

“အသုဘ”သဒ္ဒါသည် “မတင့်မတယ်”ဟူသော အနက်ကို ဟောသည်၊ ဤနေရာ၌ကား သေပြီးသည့်နောက် ကိုယ်ခန္ဓာနှင့် စပ်၍ အမျိုးမျိုး ပေါ်ပေါက်လာတတ်သော မတင့်တယ်သော ပုံပန်းသဏ္ဌာန်အမျိုးမျိုးကို “အသုဘ”ဟု ခေါ်သည်။

အာဟာရဇရုပ် ၁၂ ပါး

လဟုတာဒိ ၃ ပါး၊ အဝိနိဗ္ဘောဂရုပ် ၈ ပါး၊အာကာသဓာတ် ၁ ပါး၊ပေါင်း ၁၂ ပါး ဖြစ်သည်။

အနောတ္တပ္ပ

ဒုစရိုက် ပြုရန် မကြောက်ခြင်းသဘော၊ မလန့်ခြင်းသဘော။

အကုသိုလ်မနောကံ ၃ ပါး

၁။ အဘိဇ္ဈာ၊ ၂။ ဗျာပါဒ၊ ၃။ မိစ္ဆာဒိဋ္ဌိ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)