ဗြဟ္မပါရိသဇ္ဇာ

မဟာဗြဟ္မာတို့၏ ပရိသတ်တွင် ပါဝင်သော ဗြဟ္မာငယ်များကို ဗြဟ္မပါရိသဇ္ဇာ-ဟု ခေါ်သည်။

ဗျာပါဒနီဝရဏ ၁

စိတ်ကိုပျက်စီးစေတတ်သောကြောင့် ဗျာပါဒမည်သော ဒေါသသည် ဈာန်, မဂ်, ဖိုလ်တို့ကို မဖြစ်အောင် တားမြစ်ပိတ်ပင်တတ်သောကြောင့်...

ဗျာပါဒကာယဂန္ထ ၁

စိတ်ဖောက်ပြန် ပျက်စီးခြင်းသို့ ရောက်ကြောင်း ဒေါသသည် “ဗျာပါဒ”မည်၏၊ အကုသလကမ္မပထ၌ သူတစ်ပါးကို သေစေလိုသော ဒေါသကို ဗျာပါဒ-ဟု ခေါ်သည်၊ ဤ၌ကား ဒေါသမှန်သမျှကိုပင် ဗျာပါဒ-ဟု ခေါ်သည်။ (ဝိ-စိတ်၏ ဖောက်ပြန်ပျက်စီးခြင်းသို့+အာပါဒ-ရောက်ကြောင်း ဒေါသ။) ထိုဗျာပါဒသည်...