ဗျာပါဒနီဝရဏ ၁

by | Jun 9, 2022 | | 0 comments

စိတ်ကိုပျက်စီးစေတတ်သောကြောင့် ဗျာပါဒမည်သော ဒေါသသည် ဈာန်, မဂ်, ဖိုလ်တို့ကို မဖြစ်အောင် တားမြစ်ပိတ်ပင်တတ်သောကြောင့် ဗျာပါဒနီဝရဏမည်၏။

ဗြဟ္မပုရောဟိတာ

မဟာဗြဟ္မာတို့၏ ပုရောဟိတ်(အကြံပေး)အရာ၌ တည်သော ဗြဟ္မာများကို ဗြဟ္မပုရောဟိတာ-ဟု ခေါ်သည်။

ဗောဓိပက္ခိယတရား

မဂ်ဉာဏ်ဖြစ်ပေါ်အောင် ကျေးဇူးပြုတတ်သော တရားကို ဗောဓိပက္ခိယတရား ဟုခေါ်သည်။

ဗုဒ္ဓါနုဿတိ

မြတ်စွာဘုရား၏ ဂုဏ်ကို အာရုံပြု၍ ဖြစ်သော အနုဿတိ (အဖန်တလဲလဲ အောက်မေ့မှု)သည် ဗုဒ္ဓါနုဿတိ မည်၏၊ဘုရားဂုဏ်တော်များကို အာရုံပြု အမှတ်ရနေမှု...