ဗုဒ္ဓိစရိုက်ရှိသူ

by | Jun 9, 2022 | | 0 comments

ပညာအဖြစ်များသူကို “ဗုဒ္ဓိစရိုက်ရှိသူ”ဟု ခေါ်သည်။ အလွယ်တကူ မယုံကြည်ဘဲ ဆင်ခြင်စဉ်းစား ပိုင်းခြားဝေဘန်တတ်သူများ ဖြစ်သည်။

ဗျာပါဒ

သူတစ်ပါး သေကျေ ပျက်စီးရန် ကြံစည်ခြင်း။

ဗိုလ် ၉ ပါး

၁။ သဒ္ဓါဗိုလ်၊ ၂။ ဝီရိယဗိုလ်၊ ၃။ သတိဗိုလ်၊ ၄။ သမာဓိဗိုလ်၊ ၅။ ပညာဗိုလ်၊ ၆။ ဟိရီဗိုလ်၊ ၇။ ဩတ္တပ္ပဗိုလ်၊ ၈။ အဟိရိကဗိုလ်၊ ၉။ အနောတ္တပ္ပဗိုလ်။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ဗျာပါဒနီဝရဏ ၁

စိတ်ကိုပျက်စီးစေတတ်သောကြောင့် ဗျာပါဒမည်သော ဒေါသသည် ဈာန်, မဂ်, ဖိုလ်တို့ကို မဖြစ်အောင် တားမြစ်ပိတ်ပင်တတ်သောကြောင့်...

ဗြဟ္မပုရောဟိတာ

မဟာဗြဟ္မာတို့၏ ပုရောဟိတ်(အကြံပေး)အရာ၌ တည်သော ဗြဟ္မာများကို ဗြဟ္မပုရောဟိတာ-ဟု ခေါ်သည်။

ဗြဟ္မဝိဟာရတရား ၄ ပါး

၁။ မေတ္တာ၊ ၂။ ကရုဏာ၊ ၃။ မုဒိတာ၊ ၄။ ဥပေက္ခာ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)