ဗျာပါဒကာယဂန္ထ ၁

by | Jun 9, 2022 | ဗ | 0 comments

စိတ်ဖောက်ပြန် ပျက်စီးခြင်းသို့ ရောက်ကြောင်း ဒေါသသည် “ဗျာပါဒ”မည်၏၊ အကုသလကမ္မပထ၌ သူတစ်ပါးကို သေစေလိုသော ဒေါသကို ဗျာပါဒ-ဟု ခေါ်သည်၊ ဤ၌ကား ဒေါသမှန်သမျှကိုပင် ဗျာပါဒ-ဟု ခေါ်သည်။ (ဝိ-စိတ်၏ ဖောက်ပြန်ပျက်စီးခြင်းသို့+အာပါဒ-ရောက်ကြောင်း ဒေါသ။) ထိုဗျာပါဒသည် သတ္တဝါတို့၏ နာမကာယနှင့် ရူပကာယတို့ကို ဝဋ်ဆင်းရဲမှ မထွက်ခွါရအောင်, မလွတ်မြောက်ရအောင် (စုတိ ပဋိသန္ဓေ, ပဋိသန္ဓေ စုတိအားဖြင့်) ဆက်စပ်ပေးတတ်သောကြောင့် ဗျာပါဒကာယဂန္ထ မည်၏။

ဗြဟ္မဝိဟာရတရား ၄ ပါး

၁။ မေတ္တာ၊ ၂။ ကရုဏာ၊ ၃။ မုဒိတာ၊ ၄။ ဥပေက္ခာ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

ဗျာပါဒ

သူတစ်ပါး သေကျေ ပျက်စီးရန် ကြံစည်ခြင်း။

ဗာဟိရရုပ်

ကိုယ်ခန္ဓာအား အဇ္ဈတ္တိကရုပ်လောက် ကျေးဇူးမများသော ရုပ်များ။

ဗုဒ္ဓါနုဿတိ

မြတ်စွာဘုရား၏ ဂုဏ်ကို အာရုံပြု၍ ဖြစ်သော အနုဿတိ (အဖန်တလဲလဲ အောက်မေ့မှု)သည် ဗုဒ္ဓါနုဿတိ မည်၏၊ဘုရားဂုဏ်တော်များကို အာရုံပြု အမှတ်ရနေမှု...

ဗြဟ္မပါရိသဇ္ဇာ

မဟာဗြဟ္မာတို့၏ ပရိသတ်တွင် ပါဝင်သော ဗြဟ္မာငယ်များကို ဗြဟ္မပါရိသဇ္ဇာ-ဟု ခေါ်သည်။