ဝတ္ထု

စိတ်စေတသိက်တို့၏ တည်ရာ မှီရာ။

ဝဋ်မြစ် ၂ ပါး

၁။ အဝိဇ္ဇာ၊ ၂။ တဏှာ။အဝိဇ္ဇာသည် ရှေးဘဝသံသရာစက်၏ အရင်းခံအကြောင်းရင်း ဖြစ်သည်။တဏှာသည် နောက်ဘဝ၏ အရင်းခံ အကြောင်းရင်း...

ဝဋ်မြစ်

ဝဋ်တရား၏ အရင်းခံအကြောင်းတရားကို ဝဋ်မြစ်-ဟု ခေါ်သည်၊ မူလ-ဟုလည်း ခေါ်သည်။

ဝဋ် ၃ ပါး

ကိလေသဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်။( ဤ၌ “ဝဋ္ဋ”သဒ္ဒါသည် ချာချာလည်ပတ်သော ကွင်းဆက်၊ ကွင်း -ဟူသော အနက်ကို ဟောသည်၊ ထို့ကြောင့် ပစ္စုပ္ပန် ကိလေသကွင်း ကမ္မကွင်းနှင့် အနာဂတ်ဝိပါကကွင်းတို့သည် ပစ္စုပ္ပန်ဝိပါကကွင်း, အတိတ် ကိလေသကွင်း ကမ္မကွင်းတို့နှင့် ချိတ်ဆက်လျက် မပြတ်...

ဝဋ်

သံသရာ၌ မပြတ်အစဉ် ချာချာလည်စေတတ်သော တရား။