ဝဋ် ၃ ပါး

by | Jun 9, 2022 | ဝ | 0 comments

ကိလေသဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်။( ဤ၌ “ဝဋ္ဋ”သဒ္ဒါသည် ချာချာလည်ပတ်သော ကွင်းဆက်၊ ကွင်း -ဟူသော အနက်ကို ဟောသည်၊ ထို့ကြောင့် ပစ္စုပ္ပန် ကိလေသကွင်း ကမ္မကွင်းနှင့် အနာဂတ်ဝိပါကကွင်းတို့သည် ပစ္စုပ္ပန်ဝိပါကကွင်း, အတိတ် ကိလေသကွင်း ကမ္မကွင်းတို့နှင့် ချိတ်ဆက်လျက် မပြတ် လည်ပတ်နေကြသည်။ (အတိတ် ကိလေသကွင်း + ကမ္မကွင်း + ပစ္စုပ္ပန်ဝိပါကကွင်း + ပစ္စုပ္ပန်ကိလေသကွင်း + ကမ္မကွင်း + အနာဂတ်ဝိပါကကွင်း-တို့ အစဉ်အတိုင်း ချိတ်ဆက်ထားလျက် လည်ပတ်နေကြသည်-ဟု ဆိုလိုသည်)။

ဝိညာနဉ္စာယတန ကုသိုလ်ဈာန်စိတ်

ဘာမျှမရှိခြင်း (အာကာသာနဉ္စာယတနစိတ်၏ လုံးဝ မရှိတော့ခြင်း)ကို အာရုံပြုကာ ပွားများ၍ ဖြစ်ပေါ်လာသော ကုသိုလ်ဈာန်စိတ်ကို အာကိဉ္စညာယတန ကုသိုလ်ဈာန်စိတ်-ဟု...

ဝိစိကိစ္ဆာသမ္ပယုတ်

ဝိစိကိစ္ဆာသမ္ပယုတ်-ဟူသော ပုဒ်သည် ဝိစိကိစ္ဆာ+သမ္ပယုတ္တ-ဟူသော ပုဒ်မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ဝိစိကိစ္ဆာ= ယုံမှားခြင်းနှင့်၊ သမ္ပယုတ္တ= ယှဉ်သော-ဟု...

ဝစီဝိညတ်

နှုတ်ဖြင့် (စကားသံဖြင့်) သိစေတတ်သော အမူအရာ အထူးသည် "ဝစီဝိညတ်"မည်၏။