သဥပါဒိသေသနိဗ္ဗာနဓာတ်

by | Jun 9, 2022 | သ | 0 comments

ကိလေသာတို့မှ ကြွင်းကျန်ရစ်သော ဝိပါက်နာမက္ခန္ဓာ, ကမ္မဇရုပ် မချုပ်သေးခင် (ပရိနိဗ္ဗာန် မဝင်စံခင်) အာရုံပြုအပ်သော နိဗ္ဗာန်သည် “သဥပါဒိသေသ နိဗ္ဗာနဓာတ်” မည်၏၊ (သ= ရှိသည် + ဥပါဒိ= ဝိပါက် နာမက္ခန္ဓာ ကမ္မဇရုပ် + သေသ=ကိလေသာတို့မှ ကြွင်းကျန်။)

သမ္မာသမာဓိ ၁

မှန်စွာ တည်ကြည်မှု ဧကဂ္ဂတာ စေတသိက်သည် "သမ္မာသမာဓိမဂ္ဂင်"မည်၏။

သုဂတိဘုံ

ကောင်းသော လားရောက်ရာဘုံကို "သုဂတိဘုံ"ဟု ခေါ်သည်။ (သု-ကောင်းသော၊ တင့်တယ်သော+ဂတိ-လားရောက်ရာဘုံ။)။တစ်နည်း-ကောင်းမှုရှိသော သူတို့၏ လားရောက်ရာ ဘုံ။(သု-ကောင်းသော သူတို့၏+ဂတိ-လားရောက်ရာ...

သမ္ဖပ္ပလာပ

ပိန်ဖျင်းသော စကားကို ပြောဆိုခြင်း။ အနှစ်မရှိသော စကားကို ပြောဆိုခြင်း။