သကဒါဂါမိမဂ်၏ ခဏတ္တယသမင်္ဂီ အခိုက်အတန့်၌ ဖြစ်သော ပုဂ္ဂိုလ်ကို “သကဒါဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်” ဟု ခေါ်သည်။ သကဒါဂါမိမဂ်၏ ခဏတ္တယသမင်္ဂီအခိုက်အတန့်ဟူသည် သကဒါဂါမိမဂ်-ဟူသော ဇောစိတ် ဖြစ်ပေါ်သည့် ဥပါဒ် ဌီ ဘင်ဟူသော ခဏသုံးပါးရှိသော ကာလကို ဆိုလိုသည်။
သဝနကိစ္စကို ဆောင်ရွက်သော စိတ် ၂ ပါး
သောတဝိညာဏ်စိတ် ၂ ပါး(သောတဝိညာဏ်ဒွေး) ဖြစ်သည်။ (သောတဝိညာဏ်ဒွေးကိုလည်း ရှု။)
