သမ္မပ္ပဓာန် ၄ ပါး

by | Jun 9, 2022 | သ | 0 comments

၁။ ဖြစ်ပြီးသော အကုသိုလ်တို့ကို ပယ်ဖို့ရန်အားထုတ်ခြင်း၊ ၂။ မဖြစ်သေးသော အကုသိုလ်တို့ မဖြစ်ဖို့ရန် အားထုတ်ခြင်း၊ ၃။ မဖြစ်သေးသော ကုသိုလ်တရားတို့ ဖြစ်ခြင်းငှာ အားထုတ်ခြင်း၊ ၄။ ဖြစ်ပြီးသော ကုသိုလ်တရားတို့ တိုးပွားဖို့ရန် အားထုတ်ခြင်း။

သောတာပတ္တိဖလဋ္ဌာန်ပုဂ္ဂိုလ်

သောတာပတ္တိမဂ္ဂါနန္တရဖိုလ်မှ သကဒါဂါမိမဂ်၏ရှေး ဝေါဒါန်တိုင်အောင် ဖြစ်ထိုက်သမျှသော ရုပ်, နာမ်ဓမ္မတို့၏ ခဏတ္တယသမင်္ဂီပုဂ္ဂိုလ်ကို "သောတာပတ္တိဖလဋ္ဌာန်ပုဂ္ဂိုလ်"ဟု ခေါ်သည်။ သောတာပတ္တိမဂ်စိတ် ဖြစ်ပြီးနောက် သကဒါဂါမိမဂ်မဖြစ်မီ အတွင်းကို သောတာပတ္တိမဂ္ဂါနန္တရဖိုလ်မှ...

သလက္ခဏရုပ် ၁၈ ပါး

ဘူတရုပ် ၄-ပါး၊ ပသာဒရုပ် ၅-ပါး၊ ဂေါစရရုပ် ၄-ပါး၊ (ရုပ်သီးခြား မဟုတ်၊ ဘူတရုပ်တွင် ပါဝင်ပြီးဖြစ်သောကြောင့် ဖောဋ္ဌဗ္ဗာရုံကို သီးခြား ထပ်၍ မရေတွက်ပါ၊) ဘာဝရုပ် ၂-ပါး၊ ဟဒယရုပ် ၁-ပါး၊ ဇီဝိတရုပ် ၁-ပါး၊ အာဟာရရုပ် ၁-ပါး၊ ပေါင်း ၁၈-ပါး။ (ဘူတရုပ် ၄-ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...