ဝီမံသိဒ္ဓိပါဒ် ၁

by | Jun 9, 2022 | ဝ | 0 comments

ဈာန်, မဂ်, ဖိုလ်တည်းဟူသော အကျိုးတို့၏ အခြေခံအကြောင်းတရား ကုသိုလ်စိတ်၌ ယှဉ်ခိုက် ပညာသည် ဝီမံသိဒ္ဓိပါဒ် မည်၏။

ဝိနီလကအသုဘကမ္မဋ္ဌာန်း

ညိုမည်းကွက်ထနေသည့် သူသေကောင်ကို "ညိုမည်းကွက်ထနေသည့် သူသေကောင် ညိုမည်းကွက်ထနေသည့် သူသေကောင်"ဟု အဖန်ဖန် ရှုမှတ် ပွားများသော ဘာဝနာသည် ဝိနီလကအသုဘကမ္မဋ္ဌာန်း...

ဝိဘဝတဏှာ ၁

သေပြီးနောက် အတ္တနှင့် လောကသည် ပြတ်စဲ၏-ဟူသော ဥစ္ဆေဒဒိဋ္ဌိနှင့် တကွဖြစ်သော တဏှာသည် "ဝိဘဝတဏှာ" မည်၏။

ဝဋ်မြစ်

ဝဋ်တရား၏ အရင်းခံအကြောင်းတရားကို ဝဋ်မြစ်-ဟု ခေါ်သည်၊ မူလ-ဟုလည်း ခေါ်သည်။

ဝိက္ခာယိတကအသုဘကမ္မဋ္ဌာန်း

ခွေး-မြေခွေးစသည်တို့ အစားခံထားရသော သူသေကောင်ကို "ခွေး-မြေခွေးစသည်တို့ အစားခံထားရသော သူသေကောင်၊ ခွေး-မြေခွေးစသည်တို့ အစားခံထားရသော သူသေကောင်"ဟု အဖန်ဖန် ရှုမှတ် ပွားများသော ဘာဝနာသည် ဝိက္ခာယိတကအသုဘကမ္မဋ္ဌာန်း...