ဝီထိမုတ်စိတ် ၁၉ ပါး

by | Jun 9, 2022 | | 0 comments

ပဋိသန္ဓေ, ဘဝင်, စုတိကိစ္စကို ဆောင်ရွက်သော ဥပေက္ခာသဟဂုတ်သန္တီရဏ ၂ ပါး၊ မဟာဝိပါက်စိတ် ၈ ပါး၊ မဟဂ္ဂုတ်ဝိပါက်စိတ် ၉-ပါး၊ပေါင်း ၁၉ ပါး။(ထိုစိတ်များကို ဆိုင်ရာ ခေါင်းစဉ်၌ ရှု ပါ။)

ဝိဇ္ဇမာနပညတ်

ပရမတ္ထအားဖြင့် ထင်ရှားရှိသော စိတ်၊စေတသိက်-စသော အနက်ဒြပ် အတ္ထပညတ်ကို သိစေတတ်သော သဒ္ဒပညတ်။

ဝိနီလကအသုဘကမ္မဋ္ဌာန်း

ညိုမည်းကွက်ထနေသည့် သူသေကောင်ကို "ညိုမည်းကွက်ထနေသည့် သူသေကောင် ညိုမည်းကွက်ထနေသည့် သူသေကောင်"ဟု အဖန်ဖန် ရှုမှတ် ပွားများသော ဘာဝနာသည် ဝိနီလကအသုဘကမ္မဋ္ဌာန်း...

ဝတ္ထု

စိတ်စေတသိက်တို့၏ တည်ရာ မှီရာ။

ဝိပဿနာဘာဝနာ ၁

ဘုံ ၃-ပါး၌ဖြစ်သော ရုပ်တရား, နာမ်တရားတို့ကို "အနိစ္စ, ဒုက္ခ, အနတ္တ"စသော အထူးထူးသော အခြင်းအရာအားဖြင့် ရှုတတ်သော ဉာဏ်ပညာကို "ဝိပဿနာဘာဝနာ"ဟု...