ဝိပုဗ္ဗကအသုဘကမ္မဋ္ဌာန်း

by | Jun 9, 2022 | ဝ | 0 comments

ပြည်တစိုစို ယိုထွက်နေသောသူသေကောင်ကို “ပြည်တစိုစို ယိုထွက်နေသော သူသေကောင်၊ ပြည်တစိုစို ယိုထွက်နေသော သူသေကောင်”ဟု အဖန်ဖန် ရှုမှတ် ပွားများသော ဘာဝနာသည် ဝိပုဗ္ဗကအသုဘကမ္မဋ္ဌာန်း မည်၏။

ဝေဒနာ

အာရုံ၏ အရသာကို ခံစားခြင်းသဘော။

ဝိပဿနာဘာဝနာ ၁

ဘုံ ၃-ပါး၌ဖြစ်သော ရုပ်တရား, နာမ်တရားတို့ကို "အနိစ္စ, ဒုက္ခ, အနတ္တ"စသော အထူးထူးသော အခြင်းအရာအားဖြင့် ရှုတတ်သော ဉာဏ်ပညာကို "ဝိပဿနာဘာဝနာ"ဟု...

ဝတ္ထု

စိတ်စေတသိက်တို့၏ တည်ရာ မှီရာ။

ဝဋ်

သံသရာ၌ မပြတ်အစဉ် ချာချာလည်စေတတ်သော တရား။