ဝိနီလကအသုဘကမ္မဋ္ဌာန်း

by | Jun 9, 2022 | ဝ | 0 comments

ညိုမည်းကွက်ထနေသည့် သူသေကောင်ကို “ညိုမည်းကွက်ထနေသည့် သူသေကောင် ညိုမည်းကွက်ထနေသည့် သူသေကောင်”ဟု အဖန်ဖန် ရှုမှတ် ပွားများသော ဘာဝနာသည် ဝိနီလကအသုဘကမ္မဋ္ဌာန်း မည်၏။

ဝိစာရ

အာရုံကို ဆင်ခြင် သုံးသပ်ခြင်းသဘော။

ဝိစိကိစ္ဆာသံယောဇဉ် ၁

ယုံမှားသံသယဒွိဟသဘောရှိသော ဝိစိကိစ္ဆာသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် ဝိစိကိစ္ဆာသံယောဇဉ်...

ဝိပဿနာညစ်နွမ်းကြောင်း ဥပေက္ခာ

အလယ်အလတ်အားဖြင့် လျစ်လျူရှုခြင်း။ အညီအမျှဖြစ်သော ဝိပဿနာဇောနှင့်အတူဖြစ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ဖြစ်သော တတြမဇ္ဈတ္တုပေက္ခာနှင့် မနောဒွါရ၌ အာဝဇ္ဇန်းနှင့်အတူဖြစ်သော ဥပေက္ခာ။တတြမဇ္ဈတ္တုပေက္ခာ,...

ဝိညတ်ရုပ်

မိမိ၏အလိုကို သူတစ်ပါးအား သိစေနိုင်သော အမူအရာအထူးကို "ဝိညတ်"ဟု ခေါ်သည်။