ဝိဇ္ဇမာနအဝိဇ္ဇမာနပညတ်

by | Jun 9, 2022 | | 0 comments

ပရမတ္ထအားဖြင့် ထင်ရှားရှိသော အနက်နှင့် ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အနက်ဒြပ်ကို နှစ်မျိုးပေါင်းစပ်၍ သိစေတတ်သော “အဘိညာဏ်+ရသူ” စသော သဒ္ဒပညတ်။

ဝီထိ

ဝီထိသဒ္ဒါသည် 'အစဉ်အတန်း' ဟူသော အနက်ကိုဟော၏။ ထိုထိုဒွါရ၌ ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဉ်, သမ္ပဋိစ္ဆိုင်း-စသော စိတ်တို့၏ ရှေ့နောက်အစဉ်အားဖြင့် ဖြစ်ခြင်းကိုပင် "ဝီထိ"ဟု...

ဝိကာရရုပ်

စိတ် ဥတု အာဟာရကြောင့် ဖြစ်သော နိပ္ဖန္နရုပ်တို့၏ ပေါ့ပါးမှု၊ နူးညံ့မှု၊ ပြုလုပ်ရန် အဆင်သင့် ဖြစ်မှု၊ (ဖျတ်ဖျတ်လပ်လပ် သွက်သွက်လက်လက်ရှိမှု) ကိုယ်ဖြင့် သိစေမှု၊ နှုတ်ဖြင့် သိစေမှုတို့သည် ထူးခြားသော အမူအရာများ ဖြစ်ကြသည်၊ ထိုထူးခြားသော အမူအရာကိုပင် "ဝိကာရရုပ်"ဟု...

ဝိစာရ

အာရုံကို ဆင်ခြင် သုံးသပ်ခြင်းသဘော။

ဝဋ်

သံသရာ၌ မပြတ်အစဉ် ချာချာလည်စေတတ်သော တရား။

ဝိပဿနာဘာဝနာ ၂

မဂ်မဖြစ်မီ ရှေးဖြစ်သော စိတ္တုပ္ပါဒ်တို့၌ ယှဉ်သော ပညာစေတသိက် ဖြစ်သည်။