ပရမတ္ထအားဖြင့် ထင်ရှားရှိသော အနက်နှင့် ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အနက်ဒြပ်ကို နှစ်မျိုးပေါင်းစပ်၍ သိစေတတ်သော “အဘိညာဏ်+ရသူ” စသော သဒ္ဒပညတ်။
ဝေဒနာ ၁
မျက်စိ-စသည့် ခြောက်ပါးတို့၏ အတွေ့ကြောင့် ဖြစ်သော အာရုံကို ခံစားခြင်းသဘော၊ အာရုံကို ခံစားမှု။ ကျမ်းစာတို့၌ စက္ခုသမ္ဖဿဇာဝေဒနာ၊ သောတသမ္ဖဿဇာဝေဒနာ စသည်ဖြင့်...
