ဝသီဘော်

by | Jun 9, 2022 | | 0 comments

စွမ်းနိုင်ခြင်းရှိသူ၏ အဖြစ်၊ဝါ-စွမ်းရည်သတ္တိရှိခြင်း။ (ဝသီ= စွမ်းရည်သတ္တိရှိသူ+ဘာဝ=အဖြစ်)။ ၎င်းကို မြန်မာစကားဖြင့် ဝသီဘော်ဟု ဆိုကြသည်။ ဈာန်ရသူတို့သည် ဈာန်ဝင်စားမှု ဈာန်မှ ထမှုတို့၌ ပိုမိုလိမ်မာကျွမ်းကျင်စေရန် မိမိရရှိထားသော ဈာန်ကို ဝသီဘော်ငါးပါးပေါက်ရောက်အောင် အခေါက်ခေါက် ဝင်စားရသည်။

ဝုဋ္ဌာနဝသီဘော်

ပိုင်းခြားထားသော ကာလကို မကျော်လွန်ဘဲ ဈာန်မှ ထနိုင်ခြင်း။ ရည်မှန်းထားသော အချိန်ကာလအတိုင်း ဈာန်မှ ထနိုင်ရန် စွမ်းနိုင်သော ဝသီဘော်...

ဝိစာရ

အာရုံကို ဆင်ခြင် သုံးသပ်ခြင်းသဘော။

ဝိညာဏ် ၂

ပဋိသန္ဓေအခါ, ပဝတ္တိအခါတို့၌ ထိုက်သည်အားလျော်စွာဖြစ်သော လောကီဝိပါက် ၃၂-ပါး။

ဝိညာနဉ္စာယတန

အာကိဉ္စညာယတန-ဟူသော ပုဒ်သည် အာကိဉ္စည+အာယတန-ဟူသော နှစ်ပုဒ်ကို ပေါင်းစပ်ထားသော ပုဒ် ဖြစ်သည်။ အာကိဉ္စည= ဘာမျှမရှိခြင်း (အာကာသာနဉ္စာယတနစိတ်၏ လုံးဝ မရှိတော့ခြင်း)၊ အာယတန= (ဈာန်စိတ် ဖြစ်ခြင်း၏) အကြောင်း-ဟုပင် တစ်လုံးချင်း အဓိပ္ပါယ်ရသည်။ ထိုနှစ်ပုဒ်ပေါင်း၏...