မိစ္ဆာဒိဋ္ဌိ ၁

by | Jun 9, 2022 | | 0 comments

မှားယွင်းဖောက်ပြန် မဟုတ်မမှန် ရှုမြင်တတ်သော သဘောတရားသည် “မိစ္ဆာဒိဋ္ဌိ” မည်၏။

မနောဝိညာဏဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော အထူးသိစိတ်။

မဂ္ဂင်

မဂ္ဂင်-ဟူသည် မဂ္ဂ+အင်္ဂမှ ဆင်းသက်လာသော စကား ဖြစ်သည်၊ မဂ္ဂ-မဂ် ဝါ-လမ်းကြောင်း၏၊ အင်္ဂ- အင်္ဂါ အစိတ်အပိုင်း-ဟု ဆိုလိုသည်၊ မဂ္ဂမည်သော တရားအပေါင်း၏ တစ်ခုစီတစ်ခုစီသော အစိတ်အင်္ဂါများကို "မဂ္ဂင်"ဟု ခေါ်သည်။ မိစ္ဆာဒိဋ္ဌိ စသော လေးပါးတို့သည် ဒုဂ္ဂတိဘဝသို့ ရောက်စေတတ်သော မဂ်၏...

မာန

ငါ ငါဟု ထောင်လွှားတက်ကြွခြင်းသဘော။

မုသာဝါဒ

မုသားပြောခြင်း၊ လိမ်ညာ ဝါဖြန်း၍ ပြောဆိုခြင်း။ မမှန်စကား ပြောဆိုခြင်း၊

မိဒ္ဓ

စေတသိက်များ မလန်းဘဲ မှိုင်းတိုင်းတိုင်းဖြစ်နေခြင်းသဘော။

မဂ်စိတ်အကျဉ်း ၄ ပါး

၁။သောတာပတ္တိမဂ်စိတ်၊ ၂။သကဒါဂါမိမဂ်စိတ်၊ ၃။အနာဂါမိမဂ်စိတ်၊ ၄။အရဟတ္တမဂ်စိတ်။