မဟဂ္ဂုတ်စိတ်

by | Jun 9, 2022 | မ | 0 comments

မဟဂ္ဂုတ်စိတ်-ဟူသော သဒ္ဒါသည် မဟာ+ဂတ+စိတ္တ-ဟူသော သဒ္ဒါတို့မှ ဆင်းသက်လာသော သဒ္ဒါ ဖြစ်သည်။ မဟာ= မြင့်မြတ်သည်၏ အဖြစ်သို့၊ ဂတ= ရောက်သော၊စိတ္တ- စိတ်၊ တစ်နည်း- မဟာ= မြင့်မြတ်သူ တို့သည်၊ ဂတ= ရအပ်သော စိတ္တ- စိတ်-ဟု ဆိုလိုသည်။

မရဏာနုဿတိ

(မိမိ၏) သေခြင်းကို အာရုံပြု၍ ဖြစ်သော အနုဿတိသည် မရဏာနုဿတိ မည်၏၊ သေခြင်းကို အာရုံပြု အမှတ်ရနေမှု...

မောဟမူစိတ် ၂ ပါး

၁။ဝိစိကိစ္ဆာသမ္ပယုတ်စိတ် ၁ ပါး၊၂။ဥဒ္ဓစ္စသမ္ပယုတ်စိတ် ၁ ပါး၊ပေါင်း ၂ ပါး။

မိစ္ဆာသင်္ကပ္ပ ၁

မှားယွင်းဖောက်ပြန် မဟုတ်မမှန် ကြံစည်မှုသည် "မိစ္ဆာသင်္ကပ္ပ" မည်၏။

မနိန္ဒြေ၁

သိခြင်းကိစ္စ၌ လွှမ်းမိုးထားသော သဘောတရား။

မိစ္ဆာသမာဓိ ၁

မှားယွင်းဖောက်ပြန် မဟုတ်မမှန် တည်ကြည်မှုသည် "မိစ္ဆာသမာဓိ" မည်၏။