မဟာဘုတ်

by | Jun 9, 2022 | မ | 0 comments

မဟာဘူတ-ကြီးကျယ်ထင်ရှားသော ရုပ်များကို “မဟာဘုတ်”ဟု ခေါ်သည်၊ မှန်၏၊ ထိုမဟာဘုတ်မည်သော ရုပ်များသည် အခြားရုပ်များထက် အထည်ကိုယ်ဒြပ်အားဖြင့်လည်း ကြီးကျယ်သည်၊ သဘောလက္ခဏာအားဖြင့်လည်း ထင်ရှားသည်၊ ထို့ကြောင့် “မဟာဘုတ်” ဟူသော အမည်ကို ရကြသည်။ (မဟာ- ကြီးကျယ်သည်ဖြစ်၍ +ဘူတ- ထင်ရှားသော ရုပ်များ။)

မောဟစရိုက်ရှိသူ

မောဟအဖြစ်များသူကို "မောဟစရိုက်ရှိသူ"ဟု ခေါ်သည်။ ဆင်ခြင်ဉာဏ်နည်းပါး မိုက်မဲသူများ၊...

မစ္ဆရိယ

ကိုယ့်စည်းစိမ်ကို ဝန်တိုခြင်းသဘော၊နှမြော တွန့်တိုခြင်းသဘော။

မနောသဉ္စေတနာဟာရ ၁

ဘဝသုံးပါး၌ ပဋိသန္ဓေအကျိုးကို ဖြစ်စေတတ်သောကြောင့် ကုသိုလ် အကုသိုလ်ကံ-ဟု ဆိုအပ်သော စေတနာစေတသိက်သည် မနောသဉ္စေတနာဟာရ မည်၏။(ကမ္မပစ္စယာ...

မဂ်၁

လမ်းကြောင်း၊(သုဂတိလမ်းကြောင်း၊ဒုဂ္ဂတိလမ်းကြောင်း။သုဂတိဘုံဘဝ, ဒုဂ္ဂတိဘုံဘဝသို့ သွားရောက် ခိုလှုံဖို့ရာ လမ်းကြောင်းဖြစ်သော တရားအပေါင်းကို "မဂ်"ဟု...

မနောဒွါရိက

မနောဒွါရ (စိတ်-ဟူသော တံခါးပေါက်)၌ ဖြစ်သော စိတ်

မဂ္ဂင်

မဂ္ဂင်-ဟူသည် မဂ္ဂ+အင်္ဂမှ ဆင်းသက်လာသော စကား ဖြစ်သည်၊ မဂ္ဂ-မဂ် ဝါ-လမ်းကြောင်း၏၊ အင်္ဂ- အင်္ဂါ အစိတ်အပိုင်း-ဟု ဆိုလိုသည်၊ မဂ္ဂမည်သော တရားအပေါင်း၏ တစ်ခုစီတစ်ခုစီသော အစိတ်အင်္ဂါများကို "မဂ္ဂင်"ဟု ခေါ်သည်။ မိစ္ဆာဒိဋ္ဌိ စသော လေးပါးတို့သည် ဒုဂ္ဂတိဘဝသို့ ရောက်စေတတ်သော မဂ်၏...