ပထမဈာန် သောတာပတ္တိ မဂ်စိတ် ၁ ပါး၊ ဒုတိယဈာန် သောတာပတ္တိ မဂ်စိတ် ၁ ပါး၊ တတိယဈာန် သောတာပတ္တိ မဂ်စိတ် ၁ ပါး၊ စတုတ္ထဈာန် သောတာပတ္တိ မဂ်စိတ် ၁ ပါး၊ ပဉ္စမဈာန် သောတာပတ္တိ မဂ်စိတ် ၁ ပါး၊ ပထမဈာန် သကဒါဂါမိ မဂ်စိတ် ၁ ပါး၊ ဒုတိယဈာန် သကဒါဂါမိ မဂ်စိတ် ၁ ပါး၊ တတိယဈာန် သကဒါဂါမိ မဂ်စိတ် ၁ ပါး၊ စတုတ္ထဈာန် သကဒါဂါမိ မဂ်စိတ် ၁ ပါး၊ ပဉ္စမဈာန် သကဒါဂါမိ မဂ်စိတ် ၁ ပါး၊ ပထမဈာန် အနာဂါမိ မဂ်စိတ် ၁ ပါး၊ ဒုတိယဈာန် အနာဂါမိ မဂ်စိတ် ၁ ပါး၊ တတိယဈာန် အနာဂါမိ မဂ်စိတ် ၁ ပါး၊ စတုတ္ထဈာန် အနာဂါမိ မဂ်စိတ် ၁ ပါး၊ ပဉ္စမဈာန် အနာဂါမိ မဂ်စိတ် ၁ ပါး၊ ပထမဈာန် အရဟတ္တ မဂ်စိတ် ၁ ပါး၊ ဒုတိယဈာန် အရဟတ္တ မဂ်စိတ် ၁ ပါး၊ တတိယဈာန် အရဟတ္တ မဂ်စိတ် ၁ ပါး၊ စတုတ္ထဈာန် အရဟတ္တ မဂ်စိတ် ၁ ပါး၊ ပဉ္စမဈာန် အရဟတ္တ မဂ်စိတ် ၁ ပါး၊ပေါင်း ၂၀။
မေတ္တာ ၂
မေတ္တာ၏ တရားကိုယ် (အရင်းခံ သဘောတရား)မှာ အဒေါသ စေတသိက်ပင် ဖြစ်သည်၊ သို့သော် "ဘုရားဖူး, တရားနာ"စသော အခါမျိုး၌ ယှဉ်တွဲပါလာသော အဒေါသစေတသိက်ကား "မေတ္တာ"မဟုတ်ပါ၊ သို့ဖြစ်၍ "အဒေါသစေတသိက်ကို မေတ္တာ"ဟု ဆိုသော်လည်း အဒေါသစေတသိက်တိုင်း "မေတ္တာ" မည်သည်ကား...
