မာနသံယောဇဉ် ၁

by | Jun 9, 2022 | မ | 0 comments

ထောင်လွှားတတ်သော မာနသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် မာနသံယောဇဉ် မည်၏။

မဂ္ဂင်

မဂ္ဂင်-ဟူသည် မဂ္ဂ+အင်္ဂမှ ဆင်းသက်လာသော စကား ဖြစ်သည်၊ မဂ္ဂ-မဂ် ဝါ-လမ်းကြောင်း၏၊ အင်္ဂ- အင်္ဂါ အစိတ်အပိုင်း-ဟု ဆိုလိုသည်၊ မဂ္ဂမည်သော တရားအပေါင်း၏ တစ်ခုစီတစ်ခုစီသော အစိတ်အင်္ဂါများကို "မဂ္ဂင်"ဟု ခေါ်သည်။ မိစ္ဆာဒိဋ္ဌိ စသော လေးပါးတို့သည် ဒုဂ္ဂတိဘဝသို့ ရောက်စေတတ်သော မဂ်၏...

မိဒ္ဓ

စေတသိက်များ မလန်းဘဲ မှိုင်းတိုင်းတိုင်းဖြစ်နေခြင်းသဘော။

မဂ္ဂင် ၁၂ ပါး

၁။ သမ္မာဒိဋ္ဌိ၊ ၂။ သမ္မာသင်္ကပ္ပ၊ ၃။ သမ္မာဝါစာ၊ ၄။ သမ္မာကမ္မန္တ၊ ၅။ သမ္မာအာဇီဝ၊ ၆။ သမ္မာဝါယာမ၊ ၇။ သမ္မာသတိ၊ ၈။ သမ္မာသမာဓိ၊ ၉။ မိစ္ဆာဒိဋ္ဌိ၊ ၁၀။ မိစ္ဆာဝါယာမ၊ ၁၁။ မိစ္ဆာသင်္ကပ္ပ၊ ၁၂။ မိစ္ဆာသမာဓိ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

မနောဝိညာဏဓာတ် ၂

ပဉ္စဝိညာဏ် ၁၀ ပါး၊ ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုင်းဒွေးမှ တစ်ပါး ကြွင်းသော စိတ် ၇၆ ပါး။