ဘဝေါဃ ၁

by | Jun 9, 2022 | ဘ | 0 comments

ရူပဈာန်, အရူပဈာန်နှင့် “ထိုဈာန်၏ အကျိုးဝိပါက်”ဟူသော ဘဝ၌ နှစ်သက်မှု တဏှာသည် မိမိကိန်းရာ သတ္တဝါကို သံသရာဝဋ်ဒုက္ခ၌ လွှမ်းဖိနှစ်မြှုပ်၍ သတ်တတ်သောကြောင့် ဘဝေါဃမည်၏။

ဘဝင်ကိစ္စ

ဘဝမပြတ်အောင် ဆောင်ရွက်ခြင်းအလုပ်သည်၊ တစ်နည်း ယခုဘဝ၌ ဖြစ်နေသော ခန္ဓာအစဉ်ကို သက်ဆုံးတိုင် မပြတ်မလပ်ရအောင် ဖြစ်စေခြင်း၏အကြောင်းသည် ဘဝင်ကိစ္စ...

ဘဝါသဝ ၂

ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ခု၌ရှိသော လောဘစေတသိက်။

ဘဝတဏှာ ၁

အတ္တနှင့် လောကသည် မြဲ၏-ဟူသော သဿတဒိဋ္ဌိနှင့် တကွဖြစ်သော တဏှာသည် "ဘဝတဏှာ" မည်၏။

ဘင်္ဂဉာဏ်

ခန္ဓာငါးပါး သင်္ခါရတရား(ရုပ်နာမ်)တို့၏ ပျက်ခြင်းကိုသာ အဖန်ဖန်ရှုသောအားဖြင့် သိမြင်သော ဉာဏ်။

ဘုမ္မစိုးနတ်

မြေကြီးနှင့် စပ်သော သစ်ပင် တော တောင်ကို စောင့်သော နတ်များ, ကိုယ်စောင့်နတ်များ, အိမ်စောင့်နတ်များ စသည်တို့ကို "ဘုမ္မစိုးနတ်"ဟု ခေါ်သည်၊ အတော်အတန်...