ဘဝေါဃ ၁

by | Jun 9, 2022 | | 0 comments

ရူပဈာန်, အရူပဈာန်နှင့် “ထိုဈာန်၏ အကျိုးဝိပါက်”ဟူသော ဘဝ၌ နှစ်သက်မှု တဏှာသည် မိမိကိန်းရာ သတ္တဝါကို သံသရာဝဋ်ဒုက္ခ၌ လွှမ်းဖိနှစ်မြှုပ်၍ သတ်တတ်သောကြောင့် ဘဝေါဃမည်၏။

ဘာဝနာ

သမထမည်သော သမာဓိတရား၊ ဝိပဿနာမည်သော ပညာတရားသည် ပွားများထိုက်သောကြောင့် ဘာဝနာ မည်၏။ မှန်၏၊ ဘာဝနာသည် လွန်စွာ အကျိုးများလှ၍ မိမိသန္တာန်၌ ဖြစ်ပေါ်လာအောင် တစ်ကြိမ်ဖြစ်ပြီးနောက် အထပ်ထပ်တိုးပွားအောင်...

ဘဝတဏှာ ၁

အတ္တနှင့် လောကသည် မြဲ၏-ဟူသော သဿတဒိဋ္ဌိနှင့် တကွဖြစ်သော တဏှာသည် "ဘဝတဏှာ" မည်၏။

ဘာဝရုပ်

ယောကျ်ား၊ မိန်းမ ဖြစ်ဖို့ရန် အကြောင်းခံ ရုပ်တစ်မျိုးကို "ဘာဝရုပ်"ဟု ခေါ်သည်၊ ဣတ္ထိဘာဝရုပ်သည် အမသတ္တဝါတို့၏ တစ်ကိုယ်လုံး၌ ပျံ့နှံ့၍ တည်၏၊ ပုရိသဘာဝရုပ်သည် အထီးသတ္တဝါတို့၏ တစ်ကိုယ်လုံး၌ ပျံ့နှံ့၍တည်၏၊ အထီးအမတို့၏ အင်္ဂါဇာတ်ကား ဘာဝရုပ်...

ဘဝေါဃ ၂

ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ခု၌ရှိသော လောဘစေတသိက်။

ဘဝါသဝ ၂

ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ခု၌ရှိသော လောဘစေတသိက်။