ပဝတ္တိအခါ

by | Jun 9, 2022 | ပ | 0 comments

ပဋိသန္ဓေနှင့် စုတိတို့၏ ကြားကာလကို ပဝတ္တိအခါ-ဟု ခေါ်သည်။ အဘိဓမ္မာအလိုအားဖြင့် ပဋိသန္ဓေစိတ် (စေတသိက်, ကမ္မဇရုပ်)တို့၏ ဥပါဒ်(ဖြစ်ဆဲ)ခဏကိုသာ “ပဋိသန္ဓေ”ဟု ခေါ်သည်၊ ပဋိသန္ဓေစိတ် (စေတသိက်, ကမ္မဇရုပ်)များ ဥပါဒ်ပြီး(ဖြစ်ပြီး)သည့်နောက် ဌီခဏမှ စ၍ ထိုဘဝ၏ စုတိစိတ်၏ ဌီကာလတိုင်အောင် အမိဝမ်းထဲ အောင်းနေဆဲပင် ဖြစ်စေကာမူ “ပဝတ္တိ”ဟုသာ ခေါ်ရတော့သည်။

ပရိကံ ၂

မဟာကုသိုလ်မဟာကြိယာဉာဏသမ္ပယုတ်ဇောစိတ် ၈ ပါးတွင် တစ်ပါးပါး။

ပဋိသန္ဓေ

ဘဝဟောင်းနှင့် ဘဝသစ်ကို ဆက်စပ်သောအားဖြင့် ဘဝဟောင်းအပြတ်တွင် ဘဝသစ်၌ စိတ်, စေတသိက်, ကမ္မဇရုပ်တို့၏ အစဆုံးဖြစ်ခြင်းကိုပင် 'ပဋိသန္ဓေ'ဟု...

ပဋိသန္ဓေ ကိစ္စကို ဆောင်ရွက်သော စိတ် ၁၉ ပါး

ဥပေက္ခာသဟဂုတ်သန္တီရဏစိတ် ၂ ပါး၊ မဟာဝိပါက်စိတ် ၈ ပါး၊ မဟဂ္ဂုတ်ဝိပါက်စိတ် ၉ ပါး- ပေါင်း ၁၉ ပါးသည် ပဋိသန္ဓေကိစ္စကို ဆောင်ရွက်သော စိတ်(ပဋိသန္ဓေစိတ်) တို့ ဖြစ်သည်။"ကိစ္စကို ဆောင်ရွက်"ဟူသည် ထိုကိစ္စရှိနေသည်ဟု ဆိုလိုသည်။(ဆိုင်ရာ ခေါင်းစဉ်များကိုလည်း...

ပါဒကဈာန်

မဂ်စိတ်ဖြစ်စေရန် ဝင်စားသော အခြေခံဖြစ်သော ဈာန်