ပကတူပနိဿယော

by | Jun 9, 2022 | ပ | 0 comments

အခြားပစ္စည်းနှင့် မရော၊ မိမိသဘောအားဖြင့်ပင် အားကြီးလွန်ကဲသော အကြောင်းအဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။

ပဉ္စမဈာန်

ဥပေက္ခာ, ဧကဂ္ဂတာ နှစ်ပါးအစု (နှစ်ပါးပါးအားလုံးပေါင်း)ကို ပဉ္စမဈာန်-ဟု ခေါ်သည်။

ပဝတ္တိအခါ

ပဋိသန္ဓေနှင့် စုတိတို့၏ ကြားကာလကို ပဝတ္တိအခါ-ဟု ခေါ်သည်။ အဘိဓမ္မာအလိုအားဖြင့် ပဋိသန္ဓေစိတ် (စေတသိက်, ကမ္မဇရုပ်)တို့၏ ဥပါဒ်(ဖြစ်ဆဲ)ခဏကိုသာ "ပဋိသန္ဓေ"ဟု ခေါ်သည်၊ ပဋိသန္ဓေစိတ် (စေတသိက်, ကမ္မဇရုပ်)များ ဥပါဒ်ပြီး(ဖြစ်ပြီး)သည့်နောက် ဌီခဏမှ စ၍ ထိုဘဝ၏ စုတိစိတ်၏...

ပဋိသန္ဓေအခါ

ပဋိသန္ဓေစိတ် စေတသိက်နှင့် ကမ္မဇရုပ်တို့ တစ်ဘဝဝယ် ပဌမဆုံးဖြစ်ရာအခါကာလ။

ပဋိသန္ဓေ ကိစ္စကို ဆောင်ရွက်သော စိတ် ၁၉ ပါး

ဥပေက္ခာသဟဂုတ်သန္တီရဏစိတ် ၂ ပါး၊ မဟာဝိပါက်စိတ် ၈ ပါး၊ မဟဂ္ဂုတ်ဝိပါက်စိတ် ၉ ပါး- ပေါင်း ၁၉ ပါးသည် ပဋိသန္ဓေကိစ္စကို ဆောင်ရွက်သော စိတ်(ပဋိသန္ဓေစိတ်) တို့ ဖြစ်သည်။"ကိစ္စကို ဆောင်ရွက်"ဟူသည် ထိုကိစ္စရှိနေသည်ဟု ဆိုလိုသည်။(ဆိုင်ရာ ခေါင်းစဉ်များကိုလည်း...