ကာမစ္ဆန္ဒနီဝရဏ ၁

by | Jun 9, 2022 | က | 0 comments

ငါးပါးအာရုံ ကာမဂုဏ်ကို လိုချင်နှစ်သက်မှုသည် ဈာန်, မဂ်, ဖိုလ်တို့ကို မဖြစ်အောင် တားမြစ်ပိတ်ပင်တတ်သောကြောင့်”ကာမစ္ဆန္ဒနီဝရဏ”မည်၏။

ကာယလဟုတာ

ဝေဒနာ-စသော စေတသိက်အပေါင်း၏ လျင်မြန် ပေါ့ပါးခြင်းသဘော။

ကမ္မဇရုပ်

ကံကြောင့်ဖြစ်သော ရုပ်။ (အကုသိုလ်စေတနာ ၁၂-ပါး၊ ကာမာဝစရကုသိုလ်စေတနာ ၈-ပါး၊ ရူပါဝစရကုသိုလ် စေတနာ ၅-ပါး၊ ပေါင်း ၂၅-ပါးသော ကုသိုလ်, အကုသိုလ် စေတနာသည် ပဋိသန္ဓေစိတ်၏ ဥပါဒ်မှစ၍ စိတ်၏ ခဏတိုင်းခဏတိုင်းမှာ ရုပ်ကို ဖြစ်စေသည်၊ ထိုကံကြောင့်ဖြစ်သော ရုပ်ကို "ကမ္မဇရုပ်"ဟု ခေါ်သည်။...

ကာမရာဂသံယောဇဉ် ၁

ဝတ္ထုအာရုံ ကာမဂုဏ်၌ တပ်မက်တတ်သော တဏှာသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် ကာမရာဂသံယောဇဉ်...

ကဋတ္တာ ကံ

ဂရုက, အာသန္န, အာစိဏ္ဏ အခြေအနေသို့ မရောက်တတ်ဘဲ ယခုဘဝတွင် အမှတ်တမဲ့ သာမန် ပြုအပ်သော ကံများနှင့် ရှေ့ရှေ့ဘဝက ပြုအပ်ခဲ့သော ကံများသည် "ကဋတ္တာ ကံ"...

ကသိုဏ်း

"ကသိဏ" သဒ္ဒါသည် "အလုံးစုံ"ဟူသော အနက်ကို ဟောသည်၊ ကမ္မဋ္ဌာန်းအလုပ် အားထုတ်သော ယောဂီပုဂ္ဂိုလ်က အလုံးစုံအကုန်အစင် အားလုံး တစ်ပြိုင်နက် ထင်မြင်အောင် ဆင်ခြင် ကြည့်ရှုအပ်သော အာရုံကိုလည်း "ကသိုဏ်း"ဟု ခေါ်သည်၊ ထိုအာရုံနှင့် အလားတူစွာ ထင်ပေါ်လာသော ပဋိဘာဂနိမိတ်(ပုံရိပ်)ကိုလည်း...