ကံအာရုံ

by | Jun 9, 2022 | က | 0 comments

ပဋိသန္ဓေကျိုးကို ပေးတော့မည်ဖြစ်သော ကံသည်ပင်လျှင် မိမိကို အသစ်ပြုပြင်သည်၏ အစွမ်းဖြင့် (ယခုလက်တလော ပြုနေရသလို) စိတ်အာရုံ၌ ပေါ်လွင်ထင်လာတတ်သည်။ ၎င်းကို ကံအာရုံဟု ခေါ်သည်။

ကလာပ်

အစိတ်အစိတ်တရားများ ပေါင်းစုမိကြရာ ဖြစ်သောအပေါင်းအဖွဲ့ကို ကလာပ်-ဟု ခေါ်သည်၊ အတူတကွ ဖြစ်ခြင်း၊ အတူတကွချုပ်ခြင်း၊ တူသောမှီရာ မဟာဘုတ် ရှိခြင်း-လက္ခဏာ ၃-ပါးနှင့် ပြည့်စုံသော ရုပ်အပေါင်းကို "ကလာပ်"ဟု...

ကာယာနုပဿနာသတိပဋ္ဌာန် ၁

ကာယမည်သော စက်ဆုပ်ဖွယ် ဆံအစရှိသည်တို့ ဖြစ်ရာ အတ္တဘောကို အဖန်တလဲလဲ စီးဖြန်းခြင်းအားဖြင့် အောက်မေ့ခြင်းသည် ကာယာနုပဿနာမည်၏။ တစ်နည်းအားဖြင့် ထွက်သက် ဝင်သက်တို့၏ အပေါင်းကို အဖန်တလဲလဲ စီးဖြန်းခြင်းအားဖြင့် အောက်မေ့ခြင်းသည် ကာယာနုပဿနာ...