ကာယဝိညာဏဝီထိ

by | Jun 9, 2022 | က | 0 comments

ကာယဝိညာဏ်နှင့် စပ်သော စိတ်အစဉ်အတန်း၊ စိတ်အဆက်ဆက်။ကာယဝိညာဏ်နှင့် ဆက်စပ်သော စိတ်အစဉ်အတန်းဟူသည် ကာယဒွါရဝီထိစိတ်တို့ပင် ဖြစ်သည်။

ကမ္မဇကလာပ် ၉ စည်း

၁။ဇီဝိတနဝကကလာပ်၊ ၂။စက္ခုဒသက ကလာပ်၊ ၃။သောတဒသက ကလာပ်၊ ၄။ဃာနဒသက ကလာပ်၊ ၅။ဇိဝှါဒသက ကလာပ်၊ ၆။ကာယဒသက ကလာပ်၊ ၇။ပုမ္ဘာဝဒသက ကလာပ်၊ ၈။ဣတ္ထိဘာဝဒသက ကလာပ်၊ ၉။ဝတ္ထုဒသက ကလာပ်။(ကံကြောင့်ဖြစ်သော ရုပ် ၁၈ ပါးမှ ဇီဝိတရုပ်နှင့် အဝိနိဗ္ဘောဂရုပ် ၈ ပါးကို ပေါင်းစည်း၍ ဇီဝိတနဝကကလာပ်ဟု ခေါ်သည်။...

ကာယဝိညာဏ် ဒွေး ၂

၁။အကုသလဝိပါက် ဒုက္ခသဟဂုတ် ကာယဝိညာဏ်၊ ၂။အဟိတ်ကုသလဝိပါက် သုခသဟဂုတ် ကာယဝိညာဏ်၊

ကာမတဏှာ ၁

အာရုံ ၆-ပါးကို သာယာတပ်မက်သော တဏှာသည် "ကာမတဏှာ" မည်၏။