ကမ္မဋ္ဌာန်း

by | Sep 9, 2022 | က | 0 comments

ဘာဝနာအလုပ်သည်ပင် တရားထူးကို ရခြင်း၏ အကြောင်းဖြစ်သောကြောင့် ကမ္မဋ္ဌာန်း မည်၏။ တစ်နည်း= ဘာဝနာအလုပ်၌ တည်ခြင်း, ဘာဝနာအလုပ်ကို အားထုတ်ခြင်း, အဖန်ဖန် ရှုမှတ်ခြင်းသည် ကမ္မဋ္ဌာန်း မည်၏။ တစ်နည်း သမထဘာဝနာအလုပ် ဝိပဿနာဘာဝနာအလုပ်၏ ဖြစ်ရာ ကသိုဏ်းစသော အာရုံ၊ သင်္ခါရအာရုံသည် ကမ္မဋ္ဌာန်းမည်၏။ (ကမ္မ= ဘာဝနာအားထုတ်မှု၏ + ဋ္ဌာန= တည်ရာဖြစ်သော အာရုံ)။

ကမ္မနိမိတ် ၂ ပါး

၁။ ဥပလဒ္ဓပုဗ္ဗကမ္မနိမိတ်၊ ၂။ ဥပကရဏဘူတ ကမ္မနိမိတ်။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ကာယပါဂုညတာ

ဝေဒနာစသော စေတသိက်အပေါင်း၏ ကုသိုလ်ကောင်းမှုမှာ ပြွမ်းတီး လေ့လာခြင်း သဘော။(ပြွမ်းတီးဟူသည် အထစ်အငေါ့ မရှိခြင်း၊ ရင်းနှီးကျွမ်းဝင်ခြင်းဟု အဓိပ္ပါယ်ရသည်။(လက်ပွန်းတတီး)။ အဝါးဝစွာ လေ့လာထားသော ကြောင့် ပြွမ်းတီးခြင်း...

ကာယဂတာသတိ

ဆံပင်-စသည့် အစိတ်အပိုင်း (၃၂) ခုရှိသော ရုပ်ကိုယ်ကို အာရုံပြု၍ဖြစ်သော သတိသည်၊ တနည်းကား ရုပ်ကိုယ်၌ဖြစ်သော သတိသည် ကာယဂတာသတိမည်၏၊ ၃၂ ကောဋ္ဌာသကို အာရုံပြု အမှတ်ရနေမှု...

ကံအာရုံ

ပဋိသန္ဓေကျိုးကို ပေးတော့မည်ဖြစ်သော ကံသည်ပင်လျှင် မိမိကို အသစ်ပြုပြင်သည်၏ အစွမ်းဖြင့် (ယခုလက်တလော ပြုနေရသလို) စိတ်အာရုံ၌ ပေါ်လွင်ထင်လာတတ်သည်။ ၎င်းကို ကံအာရုံဟု...

ကံ ၄ ပါး(တစ်နည်း)

၁။အကုသိုလ်ကံ၊ ၂။ ကာမာဝစရကုသိုလ်ကံ၊ ၂။ရူပါဝစရကုသိုလ်ကံ၊ ၂။အရူပါဝစရကုသိုလ်ကံ။(၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...