ကာမုပါဒါန် ၁

by | Jun 9, 2022 | က | 0 comments

ငါးပါးအာရုံ ကာမဂုဏ်၌ စွဲလမ်းတတ်သော တရားသည် “ကာမုပါဒါန်”မည်၏။

ကဗဠီကာရာဟာရ၁

ဩဇာလျှင် ရှစ်ခုမြောက်သော အာဟာရဇအဋ္ဌကလာပ်ရုပ်-စသည်ကို ဖြစ်စေတတ်သောကြောင့် ဩဇရုပ်သည် ကဗဠီကာရာဟာရ...

ကမ္မဇရုပ်

ကံကြောင့်ဖြစ်သော ရုပ်။ (အကုသိုလ်စေတနာ ၁၂-ပါး၊ ကာမာဝစရကုသိုလ်စေတနာ ၈-ပါး၊ ရူပါဝစရကုသိုလ် စေတနာ ၅-ပါး၊ ပေါင်း ၂၅-ပါးသော ကုသိုလ်, အကုသိုလ် စေတနာသည် ပဋိသန္ဓေစိတ်၏ ဥပါဒ်မှစ၍ စိတ်၏ ခဏတိုင်းခဏတိုင်းမှာ ရုပ်ကို ဖြစ်စေသည်၊ ထိုကံကြောင့်ဖြစ်သော ရုပ်ကို "ကမ္မဇရုပ်"ဟု ခေါ်သည်။...

ကာယဝိညာဏဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော ထိသိစိတ်။

ကာမာဝစရကုသိုလ်စိတ်

ကာမာဝစရဖြစ်သော ကုသိုလ်စိတ်။ မဟာကုသိုလ်စိတ် ၈ ပါးကိုပင် ကာမာဝစရကုသိုလ်စိတ်-ဟု ခေါ်သည်။

ကာမယောဂ ၁

ဝတ္ထုအာရုံ ကာမဂုဏ်၌ တပ်မက်တတ်သော တဏှာသည် သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌ ခိုင်မြဲစွာ စပ်ဟပ်ပေးတတ်သောကြောင့်...