ဇိဝှါဝိညာဏဓာတ် ၁

by | Sep 9, 2022 | | 0 comments

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော လျက်သိစိတ်။

ဇိဝှါဝိညာဏ်

ဇိဝှါဝိညာဏ်-ဟူသော ပုဒ်သည် ဇိဝှါ+ဝိညာဏ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ဇိဝှါ= လျှာပေါ်၌ (ဖြစ်ပေါ်လာသော)၊ ဝိညာဏ= စိတ်-ဟု...

ဇိဝှါဝိညာဏ် ဒွေး ၂

၁။အကုသလဝိပါက် ဥပေက္ခာသဟဂုတ် ဇိဝှါဝိညာဏ်၊ ၂။အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ် ဇိဝှါဝိညာဏ်။

ဇီဝိတိန္ဒြေ ၁

အတူတကွ ဖြစ်ဖက် ရုပ်နာမ်တရားတို့ကို အစိုးတရ စောင့်ရှောက်တတ်သော သဘောတရား။

ဇီဝိတနဝကကလာပ်

ဇီဝိတရုပ်နှင့် အဝိနိဗ္ဘောဂရုပ် ၈ ပါးကို ပေါင်းစည်း၍ ဇီဝိတနဝကကလာပ်ဟု ခေါ်သည်။